လားရှိုးမြို့တွင် မြို့တွင်းသန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် မြို့တွင်းသန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်



MNP - ဩဂုတ်  ၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုမြို့တွင် မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်မှုကို  ယမန်နေ့နံနက် (၈)နာရီအချိန် က ဆောင်ရွက်ခဲ့ကြသည်။


စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ 


စုပေါင်းသန့်ရှင်းရေးကို လားရှိုးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းနှင့် ကျောင်းဘောလုံးကွင်း၊ ကျောင်းပြင်ပပတ်ဝန်းကျင်တစ်လျှောက်ရှိ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊   လားရှိုးမြို့တွင်း သိန္နီလမ်းတလျှောက်နှင့် လေယာဉ်ကွင်းလမ်းတလျှောက် လမ်းဘေးဝဲယာခြုံနွယ်များ ရှင်းလင်းခြင်း၊ စိန်ဂျွန်းမေရီဗီယားနေ အခြေခံရဟန်းဖြစ်သင် ကျောင်းဝင်းအတွင်းမှ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


လားရှိုးမြို့တွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းကို လားရှိုးမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နေပြည်သူလူထုများနှင့် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


အလားတူ လားရှိုးမြို့တွင်း လမ်းများကောင်းမွန်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးတို့အတွက် လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနက ဆောင်ရွက်နေသည့် လမ်းဖြတ်တံတားများ၊ ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေး၊ မိုးတွင်းကာလများတွင် ရေကြီးရေလျှံဖြစ်ပေါ်နိုင်သည့် ရေမြောင်းများအား စနစ်တကျပြန်လည်ချဲ့ထွင်နိုင်ရေး လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - စိုင်းထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)