ကျိုက်မရောမြို့တွင် တစ်နိုင်တစ်ပိုင် အိမ်ခြံဝင်း (Home Garden) ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် မိသားစု နေ့စဉ်ဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့တွင် တစ်နိုင်တစ်ပိုင် အိမ်ခြံဝင်း (Home Garden) ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် မိသားစု နေ့စဉ်ဝင်ငွေရရှိ



MNP - သြဂုတ်   ၇


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နိတုံကျေးရွာတွင် အငြိမ်းစားဝန်ထမ်း တောင်သူ ဦးတင်အေး၏ ဥယာဉ်ခြံအတွင်း တစ်နိုင်တစ်ပိုင် (Home Garden) ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် မိသားစု နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။


အဆိုပါ တစ်နိုင်တစ်ပိုင် (Home Garden) စိုက်ပျိုးထားသည့် တောင်သူ ဦးတင်အေး၏ ခြံဝင်းအတွင်း၌ စားဖိုချောင်သီးနှံပင်များဖြစ်သည့် သခွား၊ ဖရုံသီး၊ မုန်လာ၊ ကန်ဇွန်း၊ ရွှေပဲသီး၊ ပဲထောင့်ရှည်စသည့် နေ့စဉ်စားသောက်နေရသော လတ်ဆတ်သည့် အသီးအရွက်ပင်များကို စနစ်တကျ စိုက်ပျိုးထားရှိရာ ရာသီဥတု ကောင်းမွန်ပြီး မြေဆီလွှာလည်းကောင်းမွန်သဖြင့်  စိုက်ပျိုးထားသည့် အပင်အားလုံး အောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်းလည်းရရှိသဖြင့် မိသားစု များအနေဖြင့် ယခုလိုကာလအတွင်း နေ့စဉ်ဝင်ငွေရရှိနေပြီး စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း (Home Gardrn) စိုက်ပျိုးလုပ်ကိုင်သူ အငြိမ်းစားဝန်ထမ်း တစ်ဦးဖြစ်သည့် တောင်သူ ဦးတင်အေး၏ ပြောပြချက်အရ သိရသည်။


ကျိုက်မရောမြို့နယ်တွင် နိတုံကျေးရွာ မြွေဟောက်ကျေးရွာနှင့် ကော့ကလော့ကျေးရွာများ၌ တောင်သူများအနေဖြင့် မိရိုးဖလာ သဘာဝမြေသြဇာများဖြင့် အသီးအရွက်များကို မိမိအိမ်ခြံ ဝင်းအတွင်း၌ တစ်ပိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလှတင်မောင်နှင့် သက်ဆိုင်ရာ  စိုက်ပျိုးရေးနည်းပညာရှင်များက ကွင်းဆင်းကာ မိရိုးဖလာ သဘာဝနည်းအတိုင်း စိုက်ပျိုးခြင်းအပြင် နည်းပညာများကို အသုံးပြု၍  တိုးချဲ့စိုက်ပျိုးနိုင်စေရန်  မျိုးစေ့များနှင့် မြေသြဇာများ၊ နည်းပညာများကိုပါ ကူညီထောက်ပံ့ပေးလျက်ရှိသဖြင့် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးမှ နေ့စဉ်မိသားစုဝင်ငွေ တိုးပွားလျက်ရှိနေကြောင်း သိရသည်။


သတင်း - ချိုမြတ်မြတ်ထွေး


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)