လားရှိုးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲကျင်းပ

 



MNP - ဩဂုတ်   ၇


ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲကို လားရှိုးမြို့၊ လားရှိုးတက္ကသိုလ် ကမ္ဘောဇခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က သင်တန်းဆင်း အမှာစကားပြောကြားရာ “ယခုကဲ့သို့ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းများ ဖွင့်လှစ်ပေးခြင်းကြောင့် ဒေသခံလူငယ်လူရွယ်များအတွက် အကျိုးဖြစ်ထွန်းစေမည့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး ဒေသစီးပွားရေးကို တစ်ဖက်တစ်လှမ်းက အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးချိန်တွင် ဘာသာရပ်အလိုက် မိမိတို့ သင်ကြားခဲ့ရသည့် ပညာရပ်များကို မိမိတို့၏ ဟိုတယ်များတွင် လာရောက်တည်းခိုကြမည့်  ခရီးသွားဧည့်သည်များကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း” ပြောကြားသည်။


ဆက်လက်၍ ဟိုတယ်ဆိုင်ရာ အခြေခံသင်တန်း(၃)မျိုးတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ရာ ဧည့်ကြိုသင်တန်းတွင် ဆုရရှိသူများကို  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်ကလည်းကောင်း၊ အိပ်ခန်းဆောင်ထိန်းထိမ်းရေးသင်တန်းတွင် ဆုရရှိသူများကို လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်ကလည်းကောင်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းတွင် ဆုရရှိသူများကို လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။


ယင်းနောက် သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြဆရာများအတွက် ဂုဏ်ပြုဆုငွေ များကို မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်း/မြောက်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းဖွင့်လှစ်ပေးခြင်းအတွက် သင်တန်းသူ တစ်ဦးက အမှတ်တရ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


ဟိုတယ်ဆိုင်ရာအခြေခံသင်တန်း(၃)မျိုးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လားရှိုး၊မူဆယ်၊ လောက်ကိုင်၊ တန့်ယန်း၊ ကျောက်မဲမြို့များမှ ဟိုတယ်ဝန်ထမ်းစုစုပေါင်း (၁၇၀)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။


သတင်း - စိုင်းထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)