ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာရေးဆရာအသင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာရေးဆရာအသင်း အစည်းအဝေး ကျင်းပ




MNP - ဩဂုတ်   ၇


ပြည်သူများ တွေ့ဆုံပွဲများ‌‌ ဆောင်ရွက်ရာ နှီးနှောတိုင်ပင်ရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စာရေးဆရာအသင်းမှ  အစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးတွင် မြို့နယ်စာရေးဆရာအသင်းမှ အသင်းနာယက ဦးညွန့်လှိုင်က မြို့နယ်စာရေးဆရာအသင်းမှသားသမီး များအား ၂၀၂၂-၂၀၂၃ ပညာ‌သင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ရေး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ရေးနှင့် လစ်လပ်လျက်ရှိသော မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌရွေးချယ်ရေးတို့ကို ဆွေးနွေးရာ အသင်းကော်မတီဝင်များမှ ညှိနှိုင်းဆွေးနွေးကြပြီး ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ရေး၊ ဆုခီးမြှင့်ခြင်းနှင့် အသင်းဥက္ကဋ္ဌအား ကော်မတီဝင် ဦးလှမြင့် စာရေးဆရာ  အောင်သျှံဝိုင်း (ကျိုက်မရော) အား အသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သတင်း ရသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)