ဆင်ပေါင်ဝဲမြို့နယ်၌ Human Papilloma Virus HPV သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၌ Human Papilloma Virus HPV သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံ

 



MNP - ဩဂုတ်   ၇


မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့က Human Papilloma Virus HPV သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ထိုးနှံပေးခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အသက် ၉နှစ် ၁၀ နှစ်ကြား အမျိုးသမီးငယ်များအား ပထမအကြိမ် ၃၃ ယောက်နှင့် ဒုတိယအကြိမ် ၄၂ ယောက်တို့အား Human Papilloma Virus HPV သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့သည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပြီးပါက အမျိုးသမီးငယ်များတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သော virus အမျိုးအစား ၄ မျိုးမှ ကာကွယ်ပေးနိုင်ကြောင်း ‌မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီထံမှ သိရသည်။


သတင်း - နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)