MNP - ဩဂုတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ တရုတ်ဘာသာစကား သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီ က လယ်ဝေးမြို့နယ် Community Centre တွင် ဖွင့်လှစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင် က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်ခိုင်သူဇာဝင်း (စာရေးဆရာမ ခင်လယ်လယ်ချစ်) က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်အိနှင်းပွင့် က သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ လယ်ဝေးမြို့နယ်အတွင်းရှိ တရုတ်ဘာသာစကားကို သင်ယူ တတ်မြောက်ချင်သည့် သင်တန်းသား/သူ (၂၀)ဦး တက်ရောက်လျှက်ရှိပြီး သင်တန်းကို ဩဂုတ်လ (၆)ရက်နေ့မှစတင်၍ (၂)လကြာ အပတ်စဉ်စနေနေ့တိုင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment