ကလောမြို့နယ်၌ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းသင်တန်းဖွင့်လှစ်



MNP - ဩဂုတ်  ၃၀


ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း သင်တန်းကို ဩဂုတ်လ (၂၈) ရက်နေ့က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း သင်တန်းတွင် ကလောမြို့နယ်၊ အောင်ပန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (အောင်ပန်း)မှ ရဲအုပ်ဝင်းညွှန့်ဦးက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှု အခြေအနေများနှင့် လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံ ဖြည့်သွင်းခြင်း စသည့်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေး၍ သင်တန်းပို့ချပေးခဲ့သည်။


ယင်းသင်တန်းတွင် ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/ သင်တန်းသူပေါင်း (၉၅)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ (၂)ရက်တာ ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)