ကချင်ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို လာမည့်စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင်နိုင်ရေး ပြည်နယ်ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို လာမည့်စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင်နိုင်ရေး ပြည်နယ်ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

 


MNP - သြဂုတ်   ၃၀


၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကချင်ပြည်နယ်အဆင့် ပြိုင်ပွဲကို လာမည့်စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ပြီး ဗဟိုအဆင့် ပြိုင်ပွဲဝင်များအား စခန်းသွင်းလေ့ကျင့် နိုင်ရေးအတွက် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီအဖွဲ့ဝင်များ၏ ပဉ္စမအကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်က မြို့နယ်များအဆင့်ပြိုင်ပွဲများမှ ရွေးချယ်စေလွှတ်သည့် ပြိုင်ပွဲဝင်များအတွက် ပြည်နယ်အဆင့်ပြိုင်ပွဲကို လာမည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား  စခန်းသွင်းလေ့ကျင့်ပေးသွားရေး၊ ပြည်နယ်အဆင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် ဗဟိုအဆင့်တွင် အဆင့်မီစွာပါဝင်ယှဉ်ပြိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီး ဝိုင်းဝန်းဆွေးနွေးကြရေး တိုက်တွန်းမှာကြားသည်။


ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သဘင်ပညာရှင်များက ပြည်နယ်အဆင့်ပွဲတော်ကျင်းပပြုလုပ်နိုင်ရေး မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင် စာရင်း ရောက်ရှိမှုအခြေအနေများ၊ လာရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား နေရာချထားပေး နိုင်ရေး၊ ပြိုင်ပွဲအဆင့်/ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များဖြစ်သည့် ဒိုင်များ ခေါ်ယူထားရှိမှု အခြေအနေများ၊ ဆုများ ထိုက်တန်စွာ ချီးမြှင့်သွားရေး၊ ဗဟိုအဆင့်ပြိုင်ပွဲဝင် ရွေးချယ် သတ်မှတ်သွားမည့် အစီအစဉ်များ၊ ဘာသာရပ်အလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ အုပ်ချုပ်ထောက်ပံ့မှုနှင့် ပံ့ပိုးကူညီဆောင်ရွက်သွားမည့် ကိစ္စရပ်များ ကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)