MNP - ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စည်ပင်သာယာရေးကော်မတီအဖွဲ့မှ အမှတ်(၂)ရပ်ကွက်၊ မြို့သစ်(၂)လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ယနေ့ ဩဂုတ်လ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က သွားရောက် ကြည့်ရှုစစ်ဆေး မှာကြားခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အမှတ်(၂)ရပ်ကွက်၊ မြို့သစ်(၂)လမ်းတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၆)သန်းဖြင့် (၃၉၀ ပေ x ၁၆ ပေ x ၈ လက်မ) ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နှင့် စည်ပင်ဝန်ထမ်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီ၍ အချိန်မီပြီးစီးရေး၊ လုပ်ငန်းသုံးပစ္စည်းများ အလေအလွင့်ပျက်စီးမှုမရှိရေး၊ လမ်းပုခုံးမြေသားဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခန့် ထိန်းသိမ်းရေးတို့ကို မှာကြားခဲ့ကြောင်း မြို့သစ်(၂)လမ်း၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဩဂုတ်လ ၂၇ ရက်နေ့မှ စတင်ဆောင်ရွက်လာခဲ့ရာ ယနေ့ ဩဂုတ်လ၂၉ ရက်နေ့အထိ (၂၀၀ ပေ × ၈ ပေ × ၈ လက်မ) ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ထားရှိပြီး သတ်မှတ်ရက်အမီ ပြီးစီးရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment