ကျောက်ဖြူမြို့တွင် (၂၃)နှစ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် (၂၃)နှစ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 


MNP - ဩဂုတ်   ၃၀


ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ (၂၃)နှစ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အနုပညာရှင်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါပြိုင်ပွဲသို့ ကျောက်ဖြူခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ‌ကျောင်းသား၊ ကျောင်း သူများနှင့် အဆိဝါသနာရှင်များက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက် ၁၀ နှစ်မှ ၁၅ နှစ်အထိ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးငါးဦး၊ အခြေခံပညာအဆင့် အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦး၊ အဆင့်မြင့်ပညာအဆင့်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ ဝါသနာရှင်ဒုတိယတန်းအဆင့်တွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦး၊ အကပြိုင်ပွဲတွင် အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အမျိုးသမီးကဗျာလွတ်ယိမ်း၊ ဝါသနာရှင် (ဒုတိယတန်း အဆင့်) အမျိုးသားတစ်ဦး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အမျိုးသမီးတစ်ဦး၊ ဝါသနာရှင် (ဒုတိယတန်းအဆင့်) အမျိုးသားတစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


ယင်းနောက်  ပြိုင်ပွဲအသီးသီးတွင်ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (၂၃)ကြိမ် မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)