MNP - ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်ရှိ ကြို့ပင်သာကျေးရွာနှင့် မောက်စက်ကုန်းတဲတိုက်သို့ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က သောက်သုံးရေဂါလံ ၃၂၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
အဆိုပါ ကြို့ပင်သာကျေးရွာနှင့် မောက်စက်ကုန်းတဲတိုက်သည် ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်း သောက်သုံးရေရှားပါးနေခြင်းကြောင့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းအနေဖြင့် မိမိဌာနလုပ်ငန်းများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ကျေးလက်နေပြည်သူများ/ ဘုန်းတော်ကြီးကျောင်းများမှ သောက်သုံးရေအကူညီတောင်းခံလာခြင်းကို တောင်ဇင်နယ်မြေမီးသတ်စခန်းပိုင် မီးသတ်ရေသယ်ယာဉ်ဖြင့် တောင်ဇင်းတိုက်နယ်တောကျေးရွာအတွက် ရေဂါလံ ၃၂၀၀ ၊ လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကပြောကြား၍ သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment