MNP - သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးကြီးတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ သြဂုတ်လ(၃၀)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ (International Disappearance Day) တွင် မိသားစု ပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်း အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့တွင် ပျောက်ဆုံးကွဲကွာသူများ၊ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေသူများကို မိသားစုအဆက်အသွယ် ပြန်လည်ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများက အသိပညာပေးပိုစတာများ ကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် အသိပညာပေး ပိုစတာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် မြေစိုက်ဘုတ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၊ ပညာရေးမှူးရုံးတို့ တွင် ပြသထားရှိပြီး လက်ကမ်းစာစောင်များကို မြို့မဈေးကြီးတွင် ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment