MNP - ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းတိုက်ကျွေးပေးခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဆရာမများက မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၆၈၀)ဦးအား သံချဆေးများကို တိုက်ကျွေးပေးခြင်းဖြစ်ပြီး သံချဆေးတိုက်ကျွေးရန်ကျန်ရှိသော အခြေခံပညာကျောင်းများသို့လည်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ကွင်းဆင်း တိုက်ကျွေးပေးသွားမည်ကြောင်း သိရသည်။
သတင်း - မျိုးမင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment