နတ်မောက်မြို့နယ်၌ ငွေချည်(၆)ဝါစိုက်ပျိုးထားရှိမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်၌ ငွေချည်(၆)ဝါစိုက်ပျိုးထားရှိမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

 



MNP - ဩဂုတ်   ၇


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဇော်ဟိန်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများက တောင်သူဦးအောင်ဆန်းလင်း၏ ငွေချည် (၆) စိုက်ပျိုးထားရှိမှု အခြေအနေများကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဝါစိုက်ပျိုးရာ လျာထားဧကများတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဝါစိုက်ပျိုးရန်လျာထားဧက (၂၁၆၀၀)ရှိပြီး၊ စိုက်ပျိုးပြီးစီးသည့် ဧက(၂၉၃၈)ဧကရှိကြောင်း သိရသည်။  


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)