ဒန့်သလွန်သီးများ ခူးယူရောင်းချချိန်ဖြစ်၍ မိသားစုပုံမှန်ဝင်ငွေရရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒန့်သလွန်သီးများ ခူးယူရောင်းချချိန်ဖြစ်၍ မိသားစုပုံမှန်ဝင်ငွေရရှိနေ



MNP - ဩဂုတ်   ၇


စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့် မိရိုးဖလာ တောင်သူလယ်ယာလုပ်ငန်းအပြင် မိမိရေမြေရာသီနှင့် ကိုက်ညီသော စားဖိုချောင်သုံး အသီးအရွက်ပင်များ စိုက်ပျိုးရောင်းချလာကြရာ ယခုအချိန်တွင် ဒန့်သလွန် သီးများ ခူးယူရောင်းချကြပြီဖြစ်ရာ မိသားစုအတွက် ဝင်ငွေများ ပုံမှန်ရရှိလျက်ရှိကြောင်း သိရှိရသည်။


စားသုံးသူများစွာရှိသည့် အိန္ဒိယဒန့်သလွန်ပင်များကို တစ်ပိုင်စိုက်ပျိုးထားရှိကြောင်း၊ အပင်အရွယ်အစား သေးငယ်သော်လည်း   တစ်ပင်လျှင် အသီး(၂၀၀)ကျော်ရရှိကြောင်း၊ ယခု လက်ရှိဈေးကွက်အနေဖြင့် တန်းဝင်ဒန့်သလွန်သီး (၁)တောင့်လျှင် ငွေကျပ်(၅၀)နှင့် (၁၀၀)ကြား ရောင်းချရကြောင်း၊  မိမိစိုက်ခင်းအတွင်းအပင် (၁၀၀၀) စိုက်ပျိုးထားရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၃)သိန်းခန့်ရှိကြောင်း၊ လက်ရှိဈေးအတိုင်းရောင်းချရပါက   ငွေကျပ်


သိန်း(၃၀)ခန့်ရရှိရန် ခန့်မှန်းထားကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင်  ဒန့်သလွန်စိုက်ပျိုး ရောင်းချနေသူ ဦးသဲမောင်ထံမှသိရှိရသည်။


ဒန့်သလွန်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား (၆)ပေထားရှိပြီး ရေလိုအပ်ချိန်ပေးနိုင်ပါက အသီး ပိုမိုကြီးထွားကာ ရောင်းတန်းဝင်အသီးများများ ရရှိနိုင်ကြောင်း စိုက်ပျိုးပြီး(၆)လ အကြာတွင် အသီးများခူး ယူရောင်းချနိုင်ကြောင်းနှင့် ဝယ်လိုအားရှိသည့် သီးနှံဖြစ်ကြောင်းသိရှိရသည်။


သတင်း - အောင်စိုးဖေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)