(၁၂)ကြိမ်မြောက် အာခါရိုးရာ စုပေါင်းဒန်းစီးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၂)ကြိမ်မြောက် အာခါရိုးရာ စုပေါင်းဒန်းစီးပွဲတော်ကျင်းပ







MNP ၊ သြဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် အူးဖူဒေ့ကျေးရွာတွင် ယမန်နေ့နံနက်(၉)နာရီခွဲက အဆိုပါ ကျေးရွာ၌(၁၂)ကြိမ်မြောက် အာခါရိုးရာစု ပေါင်းဒန်းစီးပွဲတော်ကျင်းပသည်။

ဒန်းစီးပွဲတွင် အာခါတိုင်းရင်းသားအကြီးအကဲဦးမင်းညိုမှ ဒန်းစီးပွဲနှင့်ပတ်သက်၍ ပြောကြားပြီး ဒန်းစီးပွဲအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဒန်းစီးပွဲအားဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဒန်းစီးပွဲတော်အထိမ်းအမှတ်အဖြစ်အား ဆော်ပေါ်မိုးအခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက ချယ်ရီသစ်ပင်များ စိုက်ပျိုးပေးကြပြီး အားဆော်ပေါ်မိုး အခြေခံပညာမူလတန်း(လွန်)ကျောင်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူသည်။     ထို့နောက်ဒန်းစီးပွဲတော် ဒုတိယပိုင်းအစီအစဉ်ကို အာခါတိုင်းရင်းသားရိုးရာခန်းမ၌ ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဒန်းစီးပွဲတော်ကို စည်စည်ကားကားဖြင့် အာခါရိုးရာအဝတ်အစားအလှအပနှင့် ဓလေ့ထုံးရိုးရာများ လေ့လာခွင့်ရသည့်အတွက် ဖိတ်ကြားပေးသည့်ကိုကျေးဇူးတင်ရှိပါကြောင်း ရှမ်းပြည်နယ်တွင် စည်းလုံးညီညွတ်စွာဖြင့် တိုင်းရင်းသားအချင်းချင်းနားလည်မှုရှိစွာဖြင့် မှီတင်းနေထိုင်ကြသည့်အတွက် ရှမ်းပြည်နယ်သည် အခြားသောတိုင်းဒေသကြီးပြည်နယ်များတို့ထက် အေးချမ်းမှုရှိပါကြောင်း မိမိတို့ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးကိုဦးစားပေးဆောင်ရွက်ရပါကြောင်း ဖူဒေ့ကျေးရွာကို ရောက်ရှိလာသည့်အတွက် ကျေးရွာ၏လိုအပ်ချက်များကို မြင်တွေ့ရသည့်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးရမည်ကို သိရှိရပါကြောင်းဒေသအတွက်လိုအပ်ချက်များ ရှိပါက အားလုံးဝိုင်းဝန်း ဆွေးနွေးအကြံပြုပေးကြရန်ပြောကြားသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒန်းစီးပွဲတော်အတွက် အလှူငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ပေးအပ်ရာဒန်းစီးပွဲတော်ဖြစ်မြောက်ရေး အာခါတိုင်းရင်းသား၊ တိုင်းရင်းသူများမှလက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်အား ဂါရဝလက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းက အမှာစကားပြောကြားကာ ပွဲတော်အတွက် အလှူငွေကျပ်(၁၀)သိန်းပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူ၍ ဂါရဝလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်ကျော်မှ အမှာ စကား ပြောကြားကာ ကျေးရွာအကြီးအကဲတစ်ဦးမှ ဂါရဝလက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်ပြီး ဦးဖူဒေ့ကျေးရွာသားမှ ရပ်ရွာနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြကာ အာခါတိုင်းရင်းသား အကြီးအကဲဦးမင်းညိုမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဧည့်သည်တော်များအား ဒန်းစီးပွဲတော်အထိမ်းအမှတ် ဂါရဝလက်ဆောင်များကို နေရာအရောက်ပေးအပ်ကြကာ အာခါတိုင်းသားတိုင်းရင်းသူများက အာခါရိုးရာအကများဖြင့်ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။


မောင်မောင်သန်း (တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)