MNP ၊ ဩဂုတ် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၊ ရေတွင်းဖြူကျေးရွာအနီး၊ ရွှေဟိန်းဆန်စက်မှ ဘေးထွက်ပစ္စည်းဖြစ်သည့်(စပါးခွံ၊ ဖွဲပြာ၊ ဖွဲနု)များ နှင့်ကောက်ရိုးများ၊(EM)ဖျော်ရည်များ၊နွားချေးများ ပါဝင်ပြုလုပ်သော သဘာဝမြေဩဇာအမျိုးမျိုး ပြုလုပ်သုံးစွဲနည်းသင်တန်းနှင့်သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါဆန်စက် ဝန်းအတွင်း၌ ကျင်းပသည်။
အဆိုပါသင်တန်းနှင့်သရုပ်ပြပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တက် ရောက်လာကြသော စိုက်ပျိုးရေးတောင်သူများ၊ ဆန်စက်ပိုင်ရှင်များ၊ ဋ္ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ သင်တန်းနှင့်သရုပ်ပြပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် တောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးပညာရှင်များအား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း မှာကြားခဲ့ပြီးနောက် ပြည်ထောင်စုနယ်မြေ၊နေပြည်တော် စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်က သဘာဝမြေဩဇာ သုံးစွဲမှု၊ သီးနှံစုံ စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ထို့နောက် ဥတ္တရခရိုင်၊မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ခင်မိုးက မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်သည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်းများမှ သဘာဝမြေဩဇာ အမျိုးမျိုး ပြုလုပ်သုံးစွဲနည်းများကို သင်ကြားပို့ချပေး၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဋ္ဌာနမှ ပညာရှင်များက (EM)ဘိုကာရှီ မြေဆွေးပုံပြုလုပ်နည်း၊ စူပါဘိုကာရှီ ပြုလုပ်နည်း၊ (Biochar) စပါးခွံမီးသွေးပြုလုပ်နည်းများအား လက်တွေ့ပြသခဲ့သည်။
ထို့သင်တန်းနှင့်သရုပ်ပြပွဲသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊တိုင်း/ခရိုင်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာ များ၊ ကျေးရွာအုပ်စု(၁၀)အုပ်စုမှ တောင်သူများ၊ ဆန်စက်ပိုင်ရှင်များတက်ရောက်ကြောင်း သိရ သည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost


No comments:
Post a Comment