MNP - သြဂုတ် ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် တမာချောင်ကျေးရွာအုပ်စုတွင် မြေအောက်ရေဖြင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းပြီး ကွမ်းရွက်များ ၁၅ ရက် တစ်ကြိမ် ဆွတ်ခူးရောင်းချနေရပြီး တစ်လနှစ်ကြိမ် ဆွတ်ခူးရောင်းချရကြောင်း ကွမ်းစိုက်ပျိုးရောင်းချသူထံမှ သိရသည်။
စလင်းမြို့နယ်တွင် ကွမ်းစိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းသည့်အတွက် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိအောင် ခြံမြေအဖြစ်ဆောင်ရွက်ပြီး မြေအောက်ရေကိုအသုံးပြု၍ ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး ကွမ်းစိုက်ပျိုးရန်မျိုးကတော့ မုံရွာကွမ်းမျိုးကိုဝယ်ယူ၍ အပင်(၁၀၀၀) စတင်မှာယူစိုက်ပျိုးခဲ့သည်။ စိုက်ပျိုးပြီး တစ်လခွဲသားအရွယ်တွင် အပေါ်တက်နေသည့် ခေါင်ညွန့်ကိုနှိမ်ရပြီးလျှင် သုံးလအကြာမှာရောင်းတန်းဝင် မုံရွာကွမ်းမျိုးကွမ်းရွက်များကို စတင်ခူးဆွတ်ရောင်းချရသည်။ ကွမ်းခြံကိုမှိုရောဂါမကျရောက်စေရန် အထူးဂရုစိုက်ရပြီး ကွမ်းပင်အခြေများတွင် ရေမတင်မဝပ်ရအောင် မြေသားကိုပြုပြင်ပေးရကြောင်း၊ အပင်ခြေများရေဝပ်ခဲ့၍ အပင်(၂၀၀)ခန့် ပျက်စီးခဲ့ရသည်။ အပင်ခြေတွေမှာရေဝပ်၍ အမြစ်များပုပ်ပြီး မြစ်ဆွေးနာနဲ့ အရိုးပုပ်ခြင်းဖြစ်တတ်ကာ စိုက်ပျိုးရေးကို စနစ်တကျ ပြုလုပ်ဆောင်ရွက်ကြရပြီး ရေရရှိအောင် ရေတံခွန်ရေပိုက်များဖြင့် သွယ်တန်း၍ ၂ ရက် တစ်ကြိမ် ရေကိုနည်းစနစ်တကျ လုပ်ကိုင်ရသည်။ စနစ်တကျစိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းပြီး ယခုလ သြဂုတ်လပိုင်းတွင် ကွမ်းဈေးမကောင်း၍ ဈေးကောင်းမရရှိသော်လည်း တစ်လနှစ်ကြိမ်ဆွတ်ခူးရ၍ တစ်ပိသာလျှင် ၃၀၀၀ ကျပ်၊မှ ၄၀၀၀ကျပ်အတွင်း တက်ဈေးကျဈေးရောင်းရသည်၊။ ကွမ်းရွက်များကို ၁၅ ရက်လျှင် တစ်ခါခူးဆွတ်ရလျှင် ပိဿာချိန် ၄၅ ပိဿာမှ အချိန် ၅၀ ပိဿာကျော်အထိ ခူးဆွတ်ရ၍ မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေကြောင်းနှင့် ကွမ်းခြံအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိပါက ပို၍အဆင်ပြေမည်ဖြစ်ကြောင်း၊ ကွမ်းရောင်းချသူ ကွမ်းရောင်းဝယ်ရေး ဒေါ်ဝင်းမိသားစုဝင်တစ်ဦးဖြစ်သူ ကိုဦး ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူထံမှ သိရှိရသည်။
သတင်း - မောင်လွင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment