ထားဝယ်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၉/၂၀၂၂)ဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၉/၂၀၂၂)ဆင်းပွဲအခမ်းအနားကျင်းပ




MNP - သြဂုတ်   ၂၃


ထားဝယ်မြို့တွင် ဒေသထွက်ငပိအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၉/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်က မြို့ပြနေအခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသထွက်ငပိ၊ ငါးခြောက်များကိုအခြေခံ၍ စားသောက်ကုန်တာရှည်ခံနည်းပညာနှင့် စားသောက်ကုန်အမျိုးမျိုးကို တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအဖြစ် ကျန်းမာရေးနှင့်ညီညွတ်စွာထုတ်လုပ်၍ အသေးစားကုန် ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဒေသအတွင်းထွက်ရှိသော ငပိ၊ ငါးခြောက်များမှ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသောစားသောက်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နည်းစနစ်တကျ ထုတ်လုပ်လာနိုင်ကာ မိမိတို့၏ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်လာနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ဆောင်ရွက်လာနိုင်စေရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူ(၂၀)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသားများ လက်တွေ့ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ရွှေပင်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)