ငါန်းဇွန်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပ

 



MNP - ဩဂုတ်   ၂၃


မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်တွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေးဆိုင်ကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၁၉ ရက်နေ့မှစ၍ ကျေးရွာများအရောက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က ကျောက်တလုံးကျေးရွာအုပ်စု ရွှေပြည့်ရှင် ကျေးရွာရှိ ရွာဦးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးမျိုးသန့်၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှသိန်း၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုမြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းလင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းကိုကို၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးညီညီဝင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးလှိုင်မိုးဟိန်းတို့က ရွှေပြည့်ရှင်ကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးကြပြီး ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask နှင့် Hand Gel များဖြန့်ဝေပေးခြင်း၊ ပြည်သူ့ ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းများကို ပြည်သူများ သိရှိနိုင်စေရန် သက်ဆိုင်ရာဌာနအလိုက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံပြည်သူများက မိမိတို့ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ရွှေပြည့်ရှင်ကျေးရွာအ.မ.ကမှ ကျောင်းဆောင်ပြင်ဆင်ရန် လိုအပ်ချက်ကို လည်းကောင်း၊ တောင်သူများအနေဖြင့် သီးထပ်သီးညှပ်စိုက်ပျိုးခြင်းတို့အတွက် မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် စိုက်ပျိုးနည်း စနစ်မှန်ကန်စေရေးကိုလည်းကောင်း၊ ကျေးရွာသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းအား ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး/ခရိုင် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် သိရှိလိုသည်များကိုလည်းကောင်း ဒေသခံပြည်သူမျး၏ တင်ပြဆွေးနွေး မှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ကွင်းဆင်းဆောင်ရွက်ပေး ကြပြီး ရွာဦးကျောင်းတိုက်ဆရာတော်ထံ လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)