စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ကလေးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံလမ်းညွှန်မှု ခံယူပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ကလေးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံလမ်းညွှန်မှု ခံယူပွဲအခမ်းအနားကျင်းပ



MNP - ဩဂုတ်   ၂၆


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ကလေးခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအားတွေ့ဆုံ လမ်းညွှန်မှုခံယူပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းတံတားတည်ဆောက်ပြုပြင်နေမှု ဆောင်ရွက်ချက်များ၊ အခြေခံပညာကျောင်းများ၏ ပညာသင်ကြားနေမှုအခြေနေများ၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေးလုပ်ငန်း ပိုမိုစိုက်ပျိုး၍ အထွက်နှုန်းကောင်းမွန်ရေး ဆောင်ရွက်နေမှုများ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကြသည်။


ဆက်လက်၍  ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးတို့မှ ကလေးခရိုင်နှင့်မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဆိုင်ရာ အခြေ အနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ရှင်းလင်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဌာန ရုံးဝန်း အတွင်းရှိ (၄)ခန်းတွဲ (၁)ထပ်အိမ်ယာအား လုံခြုံမှုရှိစေရေးပြင်ဆင်နိုင်ရန်အတွက် ငွေကျပ် (၁၅၀) သိန်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် (၁၀)သိန်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ အတွက် ငွေကျပ် (၁၀)သိန်းတို့ကို ဝန်ကြီးချုပ်နှင့်အဖွဲ့မှပေးအပ်ရာ  ကလေးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများမှလက်ခံခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)