လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စာပေစကားဝိုင်းနှင့် ဟောပြောပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စာပေစကားဝိုင်းနှင့် ဟောပြောပွဲဆောင်ရွက်


MNP - ဩဂုတ်   ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် ဆောင်ရွက် လျက်ရှိရာ  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နှင့်ပူးပေါင်း၍ ယမန်နေ့၊ နေ့လယ် (၁)နာရီအချိန်က လားရှိုးမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စာပေ စကားဝိုင်းနှင့် ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ကေသွယ်ဟန်က  “ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ လားရှိုးမြို့ရှိ Community Centre တွင် ဆောင်ရွက်လျက်ရှိသော သင်တန်းများနှင့် ပြိုင်ပွဲများ” စသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးပြီး၊ လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ် ဦးဆန်းဝင်းသိန်းက “  ကျောင်းတွင် အပတ်စဉ်ပြုလုပ်လျက်ရှိသည့် စာပေစကားဝိုင်း ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။


ယင်းနောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ Grade 11 ကျောင်းသား/ကျောင်းသူမျာဖြစ်သည့် မောင်ချစ်ထွန်းနိုင်က စာရေးသူ ခင်မေခရေးသားထားသော နှလုံးသား လေးဆယ်ဆောင်းပါးပါ အကြောင်းအရာများအားလည်းကောင်း၊ မောင်ညီညီမွန်းက စာရေးသူ ဒေါက်တာတဂိုး ရေးသားထားသော အချစ်ကျွန် ဆောင်းပါးပါ အကြောင်းအရာများ အားလည်းကောင်း၊ မစုစုပိုင်က စာရေးသူ ဒေါက်တာမင်းသန့်ရေးသားထားသော လူဖြစ်ရကျိုး နပ်အောင်နေ ဆောင်းပါးပါအကြောင်းအရာ များအားလည်းကောင်း၊ မလေးလေးချမ်းက စာရေးသူ ဦးပေါ်ထွန်းရေးသားထားသော ယဉ်ကျေးသိမ်မွေ့ပါ ဆောင်းပါးပါအကြောင်းအရာများအားလည်း ကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)