မောင်တောမြို့နယ် ကညင်တန်းကျေးရွာအနီး လမ်းလျှောက်လာသူတစ်ဦးထံမှ ဆေးခြောက်များဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ် ကညင်တန်းကျေးရွာအနီး လမ်းလျှောက်လာသူတစ်ဦးထံမှ ဆေးခြောက်များဖမ်းဆီးရမိ



MNP ၊ ဩဂုတ်  ၂၈

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ကညင်တန်းကျေးရွာအနီး ဩဂုတ် ၂၆ ရက် (၁၆:၁၅)မိနစ် အချိန် လမ်း လျှောက်လာသူ အမျိုးသား တစ်ဦးထံမှ  ဆေးခြောက်များ ဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ မူးယစ်ရဲတပ်ဖွဲ့စု(၄၆)မောင်တော နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်းအရ  မောင် တောမြို့ ၊ ကညင်တန်းရပ်ကွက်၊ ICRC ရုံးအနီး ၊ နထလရုံး အဝင်လမ်းပေါ်တွင်  မသင်္ကာဖွယ် လမ်းလျှောက်လာသူ ရပ်ရှား (ကျား) အား စစ်ဆေးရာ  ၎င်းဝတ်ဆင်ထားသော အဖြူ/အနက် ကွက်စိပ်ပုဆိုး၏ ခါးပုံစအတွင်း အကြည်ရောင် ကြွပ်ကြွပ် အိတ်ဖြင့် ထုပ်ထားသည့် ဆေးခြောက်ဟုယူဆရသော အရိုး ၊ အရွက် ၊ အစေ့ ၊ အခြောက်ရောရာပါ ၁၅ ဂရမ်ခန့် အထုပ် တစ်ထုပ် နှင့် ၎င်းကိုင်ဆောင်ထားသော Radmi MIUI အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံးအား ရှာဖွေ တွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါးများ နှင့်အတူ တွေ့ရှိသူ ရပ်ရှား(ကျား)(ဘ)မူဇာလာ ၊ အသက် ၂၄ နှစ် ၊ ဟိန္ဒူလူမျိုး၊ မြို့မအရှေ့ရပ်ကွက် နေထိုင်သူ နှင့် ဆေးခြောက်များ ရောင်းချပေးသူ အသက်(၂၆)နှစ်အရွယ် ရွှေဇားကျေးရွာ အုပ်စု ၊ ဂုံးနားကျေးရွာနေသူ (ဖမ်းမမိသေး)တို့ နှစ်ဦးအား  မြို့မရဲစခန်း(မောင်တော) မယ(ပ) ၃၀/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ အရ အမှု ဖွင့် လှစ်ကာ အရေး ယူနိုင်ရေး  စီစဉ် ဆောင်ရွက် လျှက် ရှိ ပြီး တရားခံအား သက်ဆိုင် ရာမှ အမြန်ဆုံး ဖမ်းဆီး နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)