မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်






MNP ၊ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်မည့် ကျောင်းသား/ သူများနှင့် ဝါသနာရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ သည် တိုင်းဒေသကြီးအဆင့် (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ခရိုင်/မြို့နယ်များတွင် အဆင့်ဆင့်ယှဉ်ပြိုင်ကျော်ဖြတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးဆိုသည့် အနုပညာသည့် သိမ်မွေ့နက်နဲသည့် အဓိပ္ပာယ် ဆောင်သလို လူတို့၏စိတ်စေတနာအား လှုံ့ဆော်နှိုးဆွရာတွင် အစွမ်းထက် လှပါကြောင်း၊ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေ၊ အနုပညာများရှိကြပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာခေတ်တွင် မိမိတို့ရိုးရာယဉ်ကျေးမှုများအား တိုးဝင် ပွတ်တိုက်သွားသည်ကို မလွဲမသွေခံစားရမည်ဖြစ်ပါကြောင်း၊ ယခုကဲသို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပခြင်းဖြင့် မိမိတို့ရိုးရာယဉ်ကျေးမှုများအား ဖော်ထုတ်ထိန်းသိမ်းနိုင်သကဲ့သို့ မျိုးဆက်သစ်လူငယ်များ ကိုလည်း လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်ထောင်စုအဆင့် (၂၃)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက် (၄)ရပ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင် ရေးအတွက် ယခုပြိုင်ပွဲကို တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့ရရှိထားသည့် အတွေ့အကြုံများကို အခြေခံပြီးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်သင့်သူများအားလုံး ပါဝင်ယှဉ်ပြိုင် နိုင်စေရေးနှင့် ထူးချွန်ထက်မြက်သည့် အနုပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တေးသံရှင်၊ အဆိုရှင်များက မြန်မာ့မူဟန် တေးသီချင်းနှင့် ခေတ်ဆန်းချိန်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြ ကြောင်း သိရ သည်။


ထို့နောက် ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်ကျောင်းသား/သူများနှင့် ဝါသနာရှင်များမှ အဆင်မြင့်ပညာအဆင့် အမျိုးသမီး တစ်ဦးချင်းအကများဖြင့် ယှဉ်ပြိုင်ခြင်း၊ အခြေခံပညာအဆင့် သက်(၁၀)နှစ်မှ(၁၅)နှစ်အထိ အမျိးသမီးတစ်ဦးချင်းအက ယှဉ်ပြိုင်ခြင်းနှင့် အဆင့်မြင့် ပညာအဆင့်အမျိုးသားတစ်ဦးချင်းအကတို့အား ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မကွေးမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမရှိ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ် မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အရေးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။  


ကိုစည်သူ(မကွေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)