တစ်လင်တစ်မယားဥပဒေကို ချိုးဖောက်၊ အိမ်တွင်းရေးပြဿနာကို နိုင်ငံရေးပြဿနာဖန်တီး၊ နောက်ဆက်တွဲ လုပ်ကြံသတ်ဖြတ်မှု၊ အဓိကတရားခံ ဘယ်သူလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်လင်တစ်မယားဥပဒေကို ချိုးဖောက်၊ အိမ်တွင်းရေးပြဿနာကို နိုင်ငံရေးပြဿနာဖန်တီး၊ နောက်ဆက်တွဲ လုပ်ကြံသတ်ဖြတ်မှု၊ အဓိကတရားခံ ဘယ်သူလဲ




ဦးနေနီအောင် နှင့် ကိုလှမြင့် တို့ကို ၁-၈-၂၀၂၂ ရက်နေ့က နေအိမ်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး ၃ရက်နေ့မှာ သတ်ဖြတ်ခံထားရတဲ့ ဦးနေနီအောင် နဲ့ ကိုလှမြင့်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပါတယ်။ အစောပိုင်း သတင်းဖော်ပြချက်တွေမှာတော့ PDF အကြမ်းဖက်သမားတွေကပဲ သတ်သွားသလိုလို ရေးသားဖော်ပြမှု တချို့ကို တွေ့မြင်ခဲ့ရပါတယ်။ PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ကိုနေနီအောင် နှင့် ကိုလှမြင့် သတ်ဖြတ်ခံရမှုမှာတော့ သတင်းအတည်ပြုချက် ရယူဖို့ ခက်ခဲတဲ့ သဘောလား။ သတင်းထုတ်ပြန်ရေးအဖွဲ့အနေနဲ့ ဘယ်အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့တယ်ဆိုတာကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။


ဦးနေနီအောင်၊ လှမြင့် အသတ်ခံရမှုကို မြန်မာနေရှင်နယ်ပို့စ်က ဘာကြောင့်အရေးကြီးခွင်ကျယ် လုပ်ပေးနေတာလဲလို့ မေးစရာရှိပါတယ်။ မြန်မာနေရှင်နယ်ပို့စ်အနေနဲ့ PDF အကြမ်းဖက်သမားများက သတ်လို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တိုင်းအတွက်လည်း အလေးထားပါတယ်။ အပြစ်မဲ့ ရဟန်းသံဃာတော်များ၊ ဆရာ/ဆရာမများ၊ အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများ၊ အရပ်သားပြည်သူများ သေဆုံးရမှုဖြစ်စဉ်တိုင်းကို အလေးထားဖော်ပြခဲ့ပါတယ်။ PDF အကြမ်းဖက်သမားများရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့ ဖြစ်စဉ်တွေမှာ မိသားစုဝင်တွေကိုယ်တိုင်က အကြောက်တရားနဲ့ နှုတ်ဆိတ်နေကြခြင်း၊ တရားခံ ဖော်ထုတ်ဖမ်းဆီးပေးဖို့ရာ အရေးဆိုရန် ခက်ခဲခြင်း အခြေအနေများကြောင့် သေမှုသေခင်း ဖြစ်စဉ်များရဲ့ နောက်ဆက်တွဲကို ဖော်ပြဖို့ရာမှာ အခက်အခဲရှိခဲ့ပါတယ်။ ဦးနေနီအောင်၊ ကိုလှမြင့် တို့ သတ်ဖြတ်ခံရမှုမှာတော့ မျက်မြင်သက်သေ ရှိသလို၊ ဆက်စပ်အကြောင်းအရာများကို ဖော်ထုတ်ပြောဆိုလာတာတွေ၊ အချက်အလက်တွေ ပေးပို့လာတာတွေ စဉ်ဆက်မပြတ် ရှိနေတဲ့အတွက် နစ်နာသူမိသားစုဝင်များ လိုလားတဲ့ အမှုမှန်ပေါက်ရေးကိစ္စမှာ တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ သဲလွန်စတွေ ရနိုင်စေဖို့ ဆက်လက်ဖော်ပြပေးနေခြင်းပဲ ဖြစ်ပါတယ်။


လူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိဘူးဆိုတဲ့ ကိုဗစ်ကာလအတွင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့တဲ့ စကားကို အလေးထားပြီး ပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေမှုတွေ ဆိတ်သုဉ်းသွားစေဖို့ အများပြည်သူအနေနဲ့ သတိပြုနိုင်စေဖို့ မီဒီယာအဖြစ် ရပ်တည်နေတဲ့ အချိန်မှာ မိမိတို့မှာ အစိုးရနဲ့ ပြည်သူကြား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေမယ့် အချက်အလက်တွေ ရရှိသမျှ ဖော်ပြပေးနေရမှာပဲ ဖြစ်ပါတယ်။


ဒီအမှုကိစ္စကို မှ အလေးထားတာ မဟုတ်ပါဘူး။ အကြမ်းဖက်သမားများက ဖြစ်စေ၊ ဝိသမလောဘသားများက ဖြစ်စေ လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်လာရင် ကျွန်တော်တို့ မီဒီယာအနေနဲ့ အချက်အလက် ခိုင်မာတိကျအောင် တည်ဆောက်ပြီး အများပြည်သူကြားကို ချပြပေးသွားမှာပဲ ဖြစ်ပါတယ်။


ဦးနေနီအောင်၊ ကိုလှမြင့် တို့ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ဦးနေနီအောင်ရဲ့ မိသားစုဝင်များက သတင်းဖော်ပြပေးဖို့နဲ့ အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပေးဖို့ ပထမဆုံးအနေနဲ့ မြန်မာနေရှင်နယ်ပို့စ်ကို ချိတ်ဆက်လာခြင်း ဖြစ်ပါတယ်။ သတင်းပေးပို့မှုမှာ သေမှုသေခင်းဖြစ်ပေါ်တာကိုပဲ ဖော်ပြနိုင်ပြီး လူသတ်တရားခံကို ဖော်ထုတ်ပြောဆိုဖို့ အခက်အခဲရှိတဲ့အတွက် နောက်ဆက်တွဲ အခြေအနေတွေကို ဖော်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။ 


ဦးနေနီအောင် နဲ့ ပတ်သက် ဆက်နွယ်ခဲ့သူတွေက ပြည်ပက အကိုတစ်ဦးဆီကိုလည်း ဒီသတင်းနဲ့ ပတ်သက်လို့ ပေးပို့ထားပါတယ်။ ဦးနေနီအောင်ရဲ့ မိသားစုကို NLD အစွန်းရောက်များက ဒလန်စွပ်စွဲပြီး တိုက်ခိုက်ဖို့ လုပ်ဆောင်လာချိန်မှာ ကူညီပေးခဲ့ဖူးတဲ့အတွက် ယခုလို အရေးကြုံလာချိန်မှာလည်း မြန်မာနေရှင်နယ်ပို့စ်ကို ဆက်သွယ်လာခြင်းဖြစ်ပါတယ်။ ပြည်ပ အကိုက ဦးနေနီအောင်၊ ကိုလှမြင့် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေ ရပြီလို့ ပြောဆိုလာတဲ့အတွက် မိမိအနေနဲ့ ကူညီဆောင်ရွက်ပေးခဲ့ဖူးတဲ့အခြေအနေ၊ လက်ရှိ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု လိုလားတဲ့ ပြည်သူတွေအနေနဲ့ PDF အကြမ်းဖက်သမားတွေကိုလည်း ကြောက်နေရသလို ပုံမှားရိုက်ပြီး ကိုယ်ကျိုးရှာနေတဲ့ ဝိသမလောဘသားတွေကိုလည်း ကြောက်ရွံ့နေရတဲ့ အခြေအနေဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။


အဲဒီလိုဖော်ထုတ် ပြောဆိုလိုက်တဲ့အချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ တချို့ကလည်း အမှုအခြေအနေမှန်ကို ဂဃဏန မသိဘဲနဲ့ ပြောဆိုဆွေးနွေးချင်ကြောင်း ဆက်သွယ်လာသူတွေ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ကို တိတိကျကျ မသိဘဲနဲ့ ပြောဆိုဆွေးနွေးရန် မသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ 


ဦးနေနီအောင်၊ ကိုလှမြင့် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ပြည်ပက အကိုနဲ့ ကျွန်တော် ပထမဆုံး ပြောဆိုဆွေးနွေးတင်ပြမှု အပြီးမှာ မလိုလားအပ်တဲ့ ဓာတ်ပုံတွေ အသုံးပြုခဲ့တာနဲ့ ပတ်သက်လို့လည်း ကျွန်တော်ထံ ဖုန်းတွေဆက်ပြီး ပြောကြာတွေ ရှိပါတယ်။ ကျွန်တော့်အတွက် စိတ်ပူပြီး ဦးနေနီအောင် လုပ်ခဲ့တဲ့အလုပ်တွေကို တိတိကျကျ ပြောဆိုပေးတဲ့ မန္တလေးမြို့က အမျိုးသားရေးညီအစ်ကိုတွေရဲ့ ဆက်သွယ်ပြောဆိုမှုကြောင့် ဦးနေနီအောင် လုပ်ခဲ့တာတွေကိုလည်း သိခွင့်ရခဲ့ပါတယ်။

မြန်မာနေရှင်နယ်ပို့စ်ကို စတင်ဆက်သွယ်လာစဉ်ကတည်းက ဦးနေနီအောင် အသုံးပြုခဲ့တဲ့ဖုန်း သူ့တပည့်ဆီမှာ ကျန်ခဲ့တယ်ဆိုတဲ့ သတင်းအစအန ရထားပါတယ်။ ဒီဖုန်းထဲမှာတော့ သဲလွန်စ တစ်စုံတစ်ရာရနိုင်ခြေရှိတဲ့အတွက် အဲဒီဖုန်းထဲက အချက်အလက်တွေ ရဖို့ စောင့်နေခဲ့ခြင်းဖြစ်ပါတယ်။


၂၅-၈-၂၀၂၂ ရက်နေ့မှာ ဦးနေနီအောင် အသုံးပြုခဲ့တဲ့ဖုန်းအတွင်းက Viber မှာ အပြန်အလှန်ပြောဆိုထားတဲ့ မှတ်တမ်းတချို့၊ အသံဖိုင်တချို့ ပေးပို့လာတဲ့အတွက် ရရှိခဲ့ပါတယ်။ ၂၅-၈-၂၀၂၂ ရက်နေ့ ဖော်ပြခဲ့တဲ့ ဦးနေနီအောင်နဲ့ ကုလားကျော်ဆန်းလှိုင် ပြောဆိုထားတဲ့ အသံဖိုင် မှတ်တမ်းမှာ ဦးနေနီအောင်က တစ်ဖက်က ဦးကျော်ဆန်းလှိုင် ကို ခင်ဗျားရဲ့ မိတ်ဆွေ ကိုဝင်းနိုင်ကတော့ ကျုပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေပြီဆိုတာကို ကြားသိခဲ့ရပါတယ်။ သူတို့ နှစ်ဦးရဲ့ ပြောဆိုမှုကို နားထောင်ကြည့်တဲ့အခါမှာ ဦးနေနီအောင်နဲ့ ပြောဆိုနေတဲ့ ဦးကျော်ဆန်းလှိုင် ကလည်း ကုလားဖြစ်သလို ဦးဝင်းနိုင်ကလည်း ကုလားဖြစ်ကြောင်း တိတိကျကျ သိရပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး Viber မှ အပြန်အလှန် ဆက်သွယ်ပြောဆိုထားတဲ့ မှတ်တမ်းတွေကို စိစစ်ကြည့်တဲ့အခါမှာ တချိန်က ဦးနေနီအောင်ဟာ မိုက်ကယ်ကျော်မြင့် ဦးဆောင်တဲ့ ပါတီရဲ့ မန္တလေးတိုင်းဒေသကြီး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တာကို သိထားသလို မိုက်ကယ်ကျော်မြင့်နဲ့အတူ ပူးပေါင်းလှုပ်ရှားမှုတွေ ရှိခဲ့တဲ့ သတင်းကိုလည်း ရရှိထားပါတယ်။ သူတို့နှစ်ဦး ပတ်သက်ခဲ့မှုနဲ့ Viber မှတ်တမ်းမှာ အပြန်အလှန်ပေးပို့ထားတဲ့ ဓာတ်ပုံများ၊ စာများနဲ့အတူ အသံဖိုင်တစ်ခုကိုလည်း တွေ့ရတဲ့အတွက် ဖွင့်ပြပေးခဲ့ပါတယ်။ အသံဖိုင်ဟာ ဦးနေနီအောင် နဲ့ မိုက်ကယ်ကျော်မြင့် ပြောဆိုထားတဲ့ အသံဖိုင်ပါလို့ မြန်မာနေရှင်နယ်ပို့စ်ရဲ့ ဖော်ပြချက်မှာ မပါရှိပါဘူး။ စာကိုတောင် သေချာမဖတ်ဘဲ အရမ်းကာရော ဝေဖန်ချင်လွန်းသူတွေက မှားပြန်ပြီလား ဆိုတဲ့ မှတ်ချက်တွေ ပေးလာတာကိုလည်း သတိပြုမိပါတယ်။


ဦးနေနီအောင်နဲ့ မိုက်ကယ်ကျော်မြင့် Viber မှတ်တမ်းထဲက ဓာတ်ပုံတွေထဲမှာ ကုလားပုံတွေ ပါသလို ကျောက်စိမ်းလက်စွပ်၊ ရွှေငွေရတနာတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ ကျောက်စိမ်း (အရည်ကျောက်) လက်စွပ်ကို ဦးနေနီအောင်ဘက်က ပေးပို့ထားပြီး မိုက်ကယ်ကျော်မြင့် ဘက်က "တော်လိုက်တာ ဟယ်" လို့ ပြန်ရေးထားတာကို တွေ့ရပါတယ်။ ဒါတွေကို ဖော်ပြရကောင်းလားဆိုပြီး မိုက်ကယ်ကျော်မြင့်က လူရမ်းကားဆန်ဆန် သူ့ရဲ့ facebook လူမှုကွန်ရက်စာမျက်နှာကနေ မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ်ကို ဆဲဆိုစော်ကားမှုတွေ လုပ်လာပါတယ်။


ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးကို ဆဲဆိုရမ်းကားခဲ့တဲ့ လူရမ်းကားမိုက်ကယ်ကျော်မြင့် ရဲ့ တိုက်ရိုက်(Live) ထုတ်လွှင့် ပြောဆိုမှုမှာ နေနီအောင်သေတာကို လမ်းဘေးက ခွေးတစ်ကောင်သေတာလောက်တာ စိတ်မဝင်စားဘူးလို့ ထည့်သွင်း ပြောကြားထာပါတယ်။ နေနီအောင်ဆိုတာ သူဦးဆောင်တဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ရဲ့ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဖြစ်ခဲ့ပါတယ်။ ထုတ်ပယ်ထားတာ ၃လလောက် ရှိပြီဆိုတာလည်း လူရမ်းကား မိုက်ကယ်ကျော်မြင့် ပါးစပ်က ထုတ်ပြောထားတာ ရှိတဲ့အတွက် သူတို့ ခွါပြဲသွားတာ မကြာသေးပါဘူး။ ပါတီဥက္ကဋ္ဌ တစ်ဦးက ပြည်သူတွေအပေါ်မှာ အလေးထားတဲ့ ခေါင်းဆောင်မျိုးဆိုရင် မိမိလိုလားသူဖြစ်စေ၊ မလိုလားသူဖြစ်စေ လုပ်ကြံသတ်ဖြတ်ခြင်း ခံရမှုမှာ ခွေးတစ်ကောင်နဲ့ ခိုင်းနှိုင်းပြောဆိုခြင်းဟာ သူ့ရဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်ကို ဖော်ပြသွားခြင်းပဲ ဖြစ်ပါတယ်။


ထပ်မံရရှိတဲ့ ဆက်သွယ်ပြောဆိုမှုကတော့ ဦးနေနီအောင်၊ ကိုလှမြင့် သတ်ဖြတ်ခံရမှုနဲ့ အဓိက သက်ဆိုင်နေပါတယ်။ အဲဒါကတော့ ဖခင်ဦးဝင်းနိုင်ရဲ့ ဒုက္ခပေးခြင်းကို တစ်မိသားစုလုံး ခံနေရတဲ့အခြေအနေပဲဖြစ်ပါတယ်။ ကုလား ဦးဝင်းနိုင်ရဲ့ သမီး ကိုလှမြင့်ရဲ့ ညီမ မအေးသန္တာမြင့် ရဲ့ ဆက်သွယ်ပြောဆိုမှုပဲ ဖြစ်ပါတယ်။


၂၀၂၀ မှာ ကုလားဝင်းနိုင်ဟာ နောက်မိန်းမ ယူတဲ့အတွက် ကိုလှမြင့်၊ မအေးသန္တာမြင့်တို့ရဲ့ မိခင် မယားကြီးက တစ်လင်တစ်မယားစနစ်ဥပဒေနဲ့ အမှုဖွင့် တိုင်ကြားခဲ့ရာမှာ ကုလားဦးဝင်းနိုင်ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ 

တစ်လင်တစ်မယားစနစ်ဥပဒေအရ ဦးဝင်းနိုင်ဟာ အာမခံရစရာ အကြောင်းမရှိပေမယ့် ထောင်ထဲမှာ ၃လတောင် မကြာဘဲ အာမခံရပြီး ထွက်လာခဲ့ပါတယ်။ ဦးဝင်းနိုင်ကို အာမခံပေးလိုက်ခြင်းဟာ တရားလို၊ တရားခံ စုံညီ ရုံးချိန်းမှာ အာမခံပေးတာမျိုး မဟုတ်ဘဲနဲ့ မမှန်ကန်တဲ့ နည်းနဲ့ အာမခံပေးခဲ့တဲ့ ယိမ်းယောင်တိမ်းစောင်းနေတဲ့ တရားစီရင်ရေးရဲ့ အခြေအနေကိုလည်း ပေါ်လွင်စေပါတယ်။ 


ဦးဝင်းနိုင်လွတ်လာပြီး မိသားစုကို အပြန်အလှန်တရားစွဲဆိုမှုတွေ လုပ်ခဲ့ရာက မိသားစုတွင်း ဖြစ်နေတဲ့ အမှုပေါင်း ၇ခု ရှိတယ်ဆိုတာကိုလည်း မအေးသန္တာမြင့်ရဲ့ ပြောကြားချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။ ကိုလှမြင့်ရဲ့ ဇနီးကလည်း ကိုလှမြင့်နဲ့ မသင့်မြတ်တော့ဘဲ မိသားစုကို ပြဿနာရှာ၊ ရန်လုပ်နေတဲ့ ဦးဝင်းနိုင်နဲ့ ပေါင်းပြီး လုပ်ဆောင်နေတဲ့ အခြေအနေကိုလည်း ပြောဆိုသွားပါတယ်။


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ( နစက အစိုးရသက်တမ်းတစ်ပြည့်) မှာ ဦးဝင်းနိုင်က လူအုပ်စုနဲ့ မိသားစုနေအိမ်အတွင်း ဝင်ရောက်ခဲ့ပါတယ်။ သမီးဖြစ်သူ မအေးသန္တာမြင့်က တံခါးဖွင့်မပေးတဲ့အတွက် စောင့်ကန်ပြီး အဲဒီကောင်မ ဒလန်မလို့ ဦးဝင်းနိုင်က ပြောဆိုပြီး မျက်နှာကို ဖြတ်ကန်လိုက်တဲ့အတွက် မအေးသန္တာမြင့် နှာခေါင်းရိုးကျိုးခဲ့ရပါတယ်။ ကိုယ့်သားနဲ့ သမီးကို အကြမ်းဖက်သမားတွေအဖြစ် လုပ်ကြံဖန်တီးပြီး လုံခြုံရေးမှာ ပူးပေါင်းဆောင်ရွက်နေသူတွေကို ကုလားဝင်းနိုင်က အသုံးချပြီး လုပ်သွားခဲ့တဲ့ အချက်ကို ပေါ်လွင်စေပါတယ်။


မအေးသန္တာမြင့် ရဲ့ ဆက်သွယ်ပြောဆိုချက်မှာ သူတို့အဖေ ဦးဝင်းနိုင်ဟာ မိသားစုကို ကိစ္စတုန်းလုပ်ဖို့ ကြံစည်နေတာကို တစ်မိသားစုလုံး ကြုံတွေ့ခဲ့ရတဲ့ ဖခင်ဖြစ်သူရဲ့ ယုတ်မာရက်စက်မှုတွေကို ထောက်ထားပြီး ပြောဆိုသွားပါတယ်။ သားဖြစ်သူကိုတော့ ရှင်းလိုက်ပြီ။ ကျူပင်ခုတ် ကျူငုတ်မကြံ လုပ်ပစ်မယ်ဆိုတဲ့ ဖခင် ဦးဝင်းနိုင်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဘယ်မှ မသွားရဲ မလာရဲ အကြောက်တရားတွေနဲ့  ကျူကျော်တဲမှာ နေထိုင်နေကြရပါတယ်။


မြန်မာနေရှင်နယ်ပို့စ်က ဖော်ပြခဲ့တဲ့ ဦးနေနီအောင် နဲ့ ကုလား ကျော်ဆန်းလှိုင် ပြောကြားထားသော အသံဖိုင် မှတ်တမ်းပါ ဦးနေနီအောင်ရဲ့ ပြောကြားချက်အရ သူ့ကို အသက်အန္တရာယ်ရှာဖို့ ကြိုးစားနေသူက ကုလား ဝင်းနိုင် လို့ ဆိုပါတယ်။ ဦးနေနီအောင်နဲ့အတူ လုပ်ကြံသတ်ဖြတ်ခြင်း ခံရတဲ့ ကိုလှမြင့်အတွက် အမှုမှန်ပေါ်ပေါက်စေလိုတဲ့ မအေးသန္တာမြင့်ရဲ့ ယုံကြည်မှုအရ သူ့ဖခင် ဦးဝင်နိုင် ဟာ သူတို့မိသားစုကို အဆင်ပြေအောင် ကူညီသူမှန်သမျှကို ပစ်မှတ်ထားနေသူဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


မြန်မာနေရှင်နယ်ပို့စ် က ရရှိတဲ့ အချက်အလက်တွေအရ ဦးနေနီအောင် နှင့် ကိုလှမြင့် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ဦးနေနီအောင် ပြောခဲ့သော စကား၊ သမီးဖြစ်သူ မအေးသန္တာမြင့်၏ ပြောစကားများအရ အဓိက သံသယ တရားခံကတော့ မယားကြီးနှင့် သားသမီးများအပေါ် လူမိုက်ငှားပြီး ရက်စက်ယုတ်မာခဲ့တဲ့ ကုလား ဝင်းနိုင် ဖြစ်နေပါတယ်။ ကုလားဝင်းနိုင်ရဲ့ ခိုင်းစေမှုကို ဘယ်သူတွေ လုပ်ခဲ့သလဲ။ အဖြေရှာဖို့ ကျန်နေပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို NLD ပါတီက မသမာသောနည်းလမ်းနဲ့ ရယူဖို့ ကြိုးစားလာတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်အရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်နေရတဲ့ အစိုးရတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးရဲ့ လူ့အသက်ထက် ဘာမှ အရေးကြီးတာမရှိဘူးဆိုတဲ့ စကားရဲ့ အတိမ်အနက်ကို လေးလေးနက်နက် တွေးမယ်ဆိုရင် ပြည်သူတစ်ဦးချင်းစီအပေါ်အကို အလေးအနက်ထားတယ်လို့ မှတ်ယူနိုင်ပါတယ်။ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ ပြည်သူတွေအပေါ်မှာတောင် စာနာထောက်ထားခဲ့တာကို များစွာ တွေ့မြင်ခဲ့ရပါတယ်။ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့သူတွေကိုလည်း စာနာထောက်ထားပြီး ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပြုခဲ့တာတွေ များစွာ ရှိခဲ့ပါတယ်။ ဦးနေနီအောင် နှင့် ကိုလှမြင့်ဟာ နိုင်ငံတော်ကို ပုန်ကန်နေသူတွေမဟုတ်ပါဘူး။ ကိုလှမြင့် တို့ မိသားစုရဲ့ ပြဿနာကို ဦးနေနီအောင် က ကူညီပေးနေခြင်းကြောင့် ရန်ညှိုးထားခြင်းခံရတဲ့ အခြေအနေကနေ လုပ်ကြံသတ်ဖြတ်ခံရသည်အထိ ဖြစ်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။


ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာနေရှင်နယ်ပို့စ် အနေနဲ့ မျက်မြင်သက်သေ (၃)ဦး နဲ့ အဆက်အသွယ် ရရှိခဲ့ပါတယ်။ ဒီလူတွေ အနေနဲ့လည်း အကြောက်တရားတွေနဲ့ တိမ်းရှောင်နေကြရတာဖြစ်တဲ့အတွက် မြန်မာနေရှင်နယ်ပို့စ် အနေနဲ့ သူတို့ရဲ့ အသက်အန္တရာယ်ကို အာမခံနိုင်တဲ့အတွက် ဖော်ပြခြင်း မပြုခဲ့ပါဘူး။ ဦးနေနီအောင် နေထိုင်ရာ ဦးမြင့်ချိုရဲ့ နေအိမ်အတွင်း အချင်းဖြစ်နေရာမှ လွတ်မြောက်ခဲ့သူ တစ်ဦး၊ ဦးနေနီအောင် နဲ့အတူ ဆေးခန်းမှ ပြန်လာပြီး ဦးနေနီအောင်က လိုက်မလာဖို့ တားတဲ့အတွက်ကြောင့် ခပ်လှမ်းလှမ်းကနေ ကြည့်နေပြီး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရသူ ၂ဦး ရှိပါတယ်။ ပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ လုံခြုံရေးအတွက် အာမခံမှု ပေးနိုင်မယ်ဆိုရင်တော့ မျက်မြင်သက်သေတွေရဲ့ သက်သေခံထွက်ဆိုချက်ကို ရရှိဖို့ မြန်မာနေရှင်နယ်ပို့စ် အနေဖြင့် ကူညီကြိုးပမ်းဆောင်ရွက်ပေးနိုင်ပါကြောင်း ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)