MNP - ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြောက်ခြင်းအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစု ရုံးခန်းမတွင်နံနက် ၉ နာရီအချိန်မှ စတင်ကျင်းပခဲ့ကြောင်း သိ ရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယဦးစီးဌာနနှင့် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်တို့မှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ ၊မြို့နယ်သမဝါယမအသင်းစု အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် အသင်းဝင်အခြေခံသမဝါယမ အသင်းများမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနား ပထမပိုင်းတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဌေးမှ အမှာစကားပြောကြားပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်တို့အတွက် ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် အသင်းစည်းကမ်းပြင်ဆင်ချက်များကို ဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာသူများထံမှ အတည်ပြုချက်ဆွေးနွေးချက်များ ရယူဆောင်ရွက်သည်။ အခမ်းအနားအကြိုညှိနှိုင်းအစည်းအဝေးပွဲနှင့် ဒုတိယပိုင်းအခမ်းအနားတို့တွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်မှ ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အမှုဆောင်သစ်များကို ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ကာတာဝန်ပေးအပ်ပြီး အမှုဆောင်သစ်များမှ ကတိသစ္စာခံယူခဲ့ကြောင်း သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment