MNP - ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ငါးသယံဇာတတိုးပွားစေရေးရည်ရွယ်၍ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ် ၆ ရပ်ကွက် တုံးလှဲမြစ်ချောင်းသဘာဝရေပြင်၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ် ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်နှင်းရည်စိုးနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများစုပေါင်းပြီး ငါးသားပေါက် (၂) လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ (၃) သိန်း၊ ငါးခုံးမကောင်ရေ (၁) သိန်း စုစုပေါင်း (၄) သိန်းတို့အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်အောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment