သုခဝတီရှင်ရေးကူညီမှုအသင်း ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုခဝတီရှင်ရေးကူညီမှုအသင်း ဖွင့်ပွဲကျင်းပ





MNP ၊ ဩဂုတ် ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် သုခဝတီပရိယတ္တိစာသင်တိုက်၊ သုခဝါသဓမ္မရိပ်သာ၊ ဥက္ကလာသီရိကျောင်း (သုခဝတီ-ရန်ကုန်)တို့၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာ (သဒ္ဓမဇောတိကဓဇ၊ မဟာသဒ္ဓမ ဇောတိကဓဇ) ဦးစီးတည်ထောင်သည့် သုခဝတီရှင်ရေးကူညီမှုအသင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငပလီမြို့၊ လင်းသာရပ်ကွက်ရှိ အောင်ဓမ္မရိပ်သာကျောင်းဆရာတော်ရေးစပ် ဂုဏ်ပြု အပ်သော ပရဟိတရွှေကုသိုလ် တေးသီချင်းအား ဒွါရာဝတီခင်ခင်စိုးကသီဆို၍  ဂုဏ်ပြုသီဆိုပြီး “သုခဝတီရှင်ရေးကူညီမှုအသင်း” အား မဟာဗောဓိဆရာတော်၊ သုခဝတီပရိယတ္တိစာသင်တိုက်ဆရာတော်၊ အောင်ဓမ္မရိပ်သာကျောင်းဆရာတော်သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်းတို့က ဖဲကြို့ဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ သံတွဲမြို့မဟာဗောဓိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကလျာဏ (သာသနဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ) သုခဝတီရှင်ရေးကူညီမှု အသင်း ဩဝါဒစရိယဆရာတော်မှ အဖွင့်ဩဝါဒမိန့်ကြားတော်မူပါသည်။ထို့နောက် သုခဝတီပရိယတ္တိ စာသင်တိုက်၊ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာ( သဒ္ဓမဇောတိကဓဇ၊ မဟာသဒ္ဓမဇောတိက ဓဇ)ဆရာတော်က သုခဝတီရှင်ရေးကူညီမှုအသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ် များကိုရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သုခဝတီရှင်ရေးကူညီမှုအသင်းကို သံတွဲမြို့မဟာဗောဓိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကလျာဏ (သာသနဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ )၏ ဩဝါဒကိုခံယူလျှက် ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး  တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ပြုလုပ်၍ ရှင်ရေးကူညီမှုမော်တော်ယာဉ်နှစ်စီးဖြင့် ကူညီရေးလုပ်ငန်းများကို အခမဲ့ စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရန်ကုန်သို့ ဆေးကုသမှုခံယူရန်သွားရောက်သည့် လူနာများကိုလဲ ဥက္ကလာသီရိကျောင်း (သုခဝတီ-ရန်ကုန်)တွင် တည်းခို၊နေထိုင် ကျွေးမွေးစရိတ် အခမဲ့ဖြင့် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းကိုလဲ သုခဝတီပရိယတ္တိ စာသင်တိုက်၊ ဦးစီးပဓာန နာယကဆရာတော် ထံမှသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)