မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ



MNP - ဩဂုတ်   ၁၉


မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မန္တလေးတိုင်းဒေသကြီး ရုံးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ငွေစုငွေချေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပတ်သတ်၍ သဘာပတိအဖြစ်ဆောင်ရွက်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ချမ်းမြသာစည်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က ငွေစုငွေချေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ငွေစုငွေချေးနှင့်ပတ်သတ်သည့် လက်ရှိလုပ်ဆောင်နေသောလုပ်ဆောင်ချက်များနှင့် ရှေးဆက်လုပ်ဆောင်မည့် အကြောင်းအရာများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် ငွေစုငွေချေးအသင်းဝင် အသင်းသား/သူများကလည်း သိလိုမှုများကိုဆွေးနွေမေးမြန်ခဲ့ရာ သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က ငွေစုငွေချေးနှင့်ပတ်သတ်သည့် အကြောင်းအရာများအား ပြန်လည်ဖြေကြားခဲ့သည်။


ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အမှုဆောင်ဒါရိုက်တာတစ်ဦးက ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သမဝါယမအသင်း၏ ငွေစုငွေချေးနှင့်ပတ်သတ်သည့် ရှင်းတမ်းများအား ဖတ်ကြားခဲ့ပြီး သမဝါယမအသင်း၏ အမှုဆောင်အဖွဲ့သစ် အဆိုတင်သွင်း ခြင်း၊ ထောက်ခံခြင်း၊ အတည်ပြုချက်ရယူခြင်း၊ အမှုဆောင်အသစ်များမှ ကတိသစ္စာခံယူကာ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြာခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)