MNP ၊ ဩဂုတ် ၁၉
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့ အနောက်ပိုင်းရပ်ကွက်နေ (ဘ)ဦးမောင်ဦးစိန်၏သမီး မစိုး(၃၄)နှစ် ယနေ့ နံနက် ၇ နာရီခွဲက ကြိုးဆွဲချသေဆုံးကြောင်း သိရသည်။
သေဆုံးသူ မစိုး၏ ခင်ပွန်းပြောပြချက်အရ ပုဇွန်တာမှပြန်လာစဉ် နေအိမ်တံခါးအား ပိတ်ထားသဖြင့် အော်ခေါ်သော်လည်းမရသဖြင့် နေအိမ်တံခါးအား အတင်းဖွင့်ပြီးကြည့်ရာ ၎င်း၏ ဇနီးဖြစ်သူ မစိုးမှာ အမြင့် ၈ ပေ ခန့်ရှိ နေအိမ်ရှေ့ခန်း ထုပ်တန်းပေါ်မှ လုံးပတ် ဝဒသမ၅ လက်မရှိ ၊အရှည် ၄ ပေခန့်ရှိ အဖြူရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချနေသည်ကို တွေ့၍ ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူမစိုးအား ကြိုဖြေပေးရာ အသက်ရှိနေသေးဖြင့် ညီမဖြစ်သူ မချိုမဲလှ နှင့် အတူပေါက်တောမြို့ ပြည်သူ့ဆေးရုံသို့ယူဆောင်ရာ လမ်းတွင်သေးဆုံးသွားကြောင်း သိရပြီး အလောင်းအား စစ်ဆေးရာပြင်ပဒဏ်ရာ မတွေ့ရဘဲ လည်ပင်းတွင် ကြိုးဆွဲချသည် ကြိုးရာအားတွေ့ရဖြင့် ပေါက်တောဆေးရုံမှ ပီအာအမှတ် ၁၆ စစ်ဆေးပြီး မစိုး သေဆုံးခြင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ယာယီစခန်းမှူး ဒုရဲမှူးကျော်စိန် နှင့် တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment