MNP - ဩဂုတ် ၁၂
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ဗီတာမင်ဆေးနှင့် သန်ချဆေးများတိုက်ကျွေးခြင်းတို့ကို ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးမာရေးဌာနအတွင်း၌ တိုက်ကျွေးကြောင်းသိရသည်။
တံတားဦးမြို့နယ်တွင် အသက်(၆)လမှ(၅)နှစ်အထိ ကလေးငယ်များအား ပေါင်ချိန်ခြင်းနှင့် ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်း၊ အသက် (၂)နှစ်အထက် ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းနှင့် သန်ချဆေးများ တိုက်ကျွေးပေးကြောင်း၊ ဗီတာမင်အေဆေးသည် မျက်စိအားကောင်းခြင်း၊ ဗီတာမင်အေလျော့နည်းခြင်းမှ ကာကွယ်နိုင်ရန် တိုက်ကျွေးခြင်း၊ သန်ချဆေးသည် သန်ကောင်၊ တုပ်ကောင်များကျစေရေး တိုက်ကျွေးပေးခြင်းဖြစ်ကြောင်း၊ သန်ချဆေးသည် ကလေးငယ်များအတွက် ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးခြင်း၊ သွေးအားနည်းရောဂါကာကွယ်ပေးခြင်းဖြစ်ကြောင်း၊ သန်ချဆေးကို တစ်နှစ်လျှင်နှစ်ကြိမ်တိုက်ကျွေးပေးကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်များလည်း တိုက်ကျွေးပေးကြောင်း မြို့နယ်အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နွယ်နွယ်ဦးထံမှသိရသည်။
တံတားဦးမြို့နယ်အနေဖြင့် မြို့ပေါ်(၃)ရပ်ကွက်မှ ကလေးငယ်(၃၁၅)အားတိုက်ကျွေးပေးကြောင်းနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ဝန်ထမ်းများကလည်း တိုက်ကျွေးပေးကြသည့်အပြင် အခြေခံပညာကျောင်းများတွင်လည်း ကျန်းမာ ရေးသီတင်းပတ်လှုပ်ရှားမှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။
သတင်း - ရဲတင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment