ဟားခါးမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားခါးမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကျင်းပ



MNP - သြဂုတ်   ၁၂


ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ  အထိမ်းအမှတ်အခမ်းအနား (၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။


အခမ်းအနားတွင် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုး က ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးဟာ မွေးဖွားချိန်မှစပြီး အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရကို မှီဝဲစားသုံးကြရပြီး နေ့စဉ်စားသုံးသော အစားအစာများဟာ သန့်ရှင်းပြီး အာဟာရဓာတ်များ ပြည့်ဝဖို့လိုပါ ကြောင်း၊ အသက်(၅)နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များဟာ အာဟာရ ချို့တဲ့မှု အခံစားရဆုံး အုပ်စုများဖြစ်ပြီး ငယ်စဉ်ကတည်းက အာဟာရဆိုင်ရာ အသိပညာနည်းပါးခြင်း၊ လွဲမှားသည့် ရှေးရိုးအစားအစာ စားသုံးမှုဓလေ့ ထုံးစံများ လွမ်းမိုးလျက်ရှိခြင်း၊ အာဟာရပြည့်ဝမျှတအောင် ပြင်ဆင်ချက်ပြုတ် စားသုံးတတ်မှု နည်းပါးခြင်း၊ ရောဂါပိုးမွှား ကူးစက်ခံရခြင်း၊ ကလေးပြုစု စောင့်ရှောက် တတ်မှု အားနည်းခြင်းစသည့် အကြောင်းအချက်များစွာ ရှိပါကြောင်း၊ ယခုလို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် များ သတ်မှတ်ဆောင်ရွက်ခြင်းဟာ ပြည်သူလူထုကိုယ်တိုင် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်လာပြီး အာဟာရဆိုင်ရာ အသိပညာဗဟုသုတများလည်း ပိုမိုရရှိလာကာ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေများလည်း ပိုမိုကောင်းမွန်စေမှာဖြစ် ကြောင်း၊ မိခင်နို့ဟာ ကလေးအတွက် ပထမဆုံးရရှိတဲ့ ရောဂါကာကွယ်ဆေးဖြစ်ကာ အကောင်းဆုံး နှင့် အသင့်လျော်ဆုံး အစာအာဟာရဖြစ်ကြောင်း၊ မွေးစမှ ကလေးအသက်(၆)လ ပြည့်သည့်အခါ ဖြည့်စွက်စာနှင့် အတူ အနည်းဆုံးကလေး အသက်(၂)နှစ်အထိ မိခင်နို့ကို ဆက်လက်တိုက် ကျွေးရမှာဖြစ်ပါကြောင်း၊ မိခင်နို့ တိုက်ကျွေးမှုလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေး အသုံးစရိတ်များ လျှော့ကျစေပြီး နှစ်စဉ်အသက်(၅)နှစ်အောက် ကလေးသေဆုံးမှုကိုလည်း ကြိုတင်ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ မိခင်နို့တိုက် ကျွေးခြင်းကို တိုးမြှင့်ဆောင်ရွက်စေလိုတဲ့အတွက် ယခုနှစ်အတွက် ဆောင်ပုဒ်ကို “Step Up For Bread feeding, Educate and Support”၊ မြန်မာလိုကတော့ “မိခင်နို့ချိုတိုက်ဖို့ရာ ဝိုင်းဝန်းပံ့ပိုး ပညာပေးကာ၊ ယနေ့မှစ အရှိန်မြှင့်ပါ”  ဖြစ်ပါကြောင်းဖြင့် အမှာစကား ပြောကြားသည်။   


ထို့နောက် ဒုတိယပြည်နယ်မှူး ဒေါက်တာရန်နိုင်က ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား အာဟာရဖြည့် အစားအစာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ပြည်နယ်ဦးစီးမှူးက အသက်(၆) လမှ (၅)နှစ်အောက် ကလေးများအား သန်ချဆေးနှင့် ဗီတာမင်(အေ)တိုက်ကျွေးပြီး လက်ဆောင် များပစ္စည်းများ ပေးအပ်ကာ တက်ရောက်လာကြသူများအား တာဝန်ရှိသူများက ကျန်းမာရေး အသိပညာပေး ဗီဒီယိုဖိုင်များ ဖွင့်လှစ်ပေးပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)