MNP - ဩဂုတ် ၃၀
တံတားဦးခရိုင် တည်ဆောက်ရေးလုပ်ငန်းများကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်း တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းဖြစ်သည့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်သော တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ဘူတာ-ကွက်သစ်လမ်း၊ လမ်းအရှည် ၈၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအတွက် ကုန်ကျငွေကျပ် (၂၁.၇၀၈) သန်းကိုလည်းကောင်း၊ ဝါစက်ရုံအနောက်ဘက်လမ်း၊ လမ်းအရှည် ၂၈၈ ပေ ၊ အကျယ် ၁၂ ပေ ၊ အမြင့် ၉ လက်မမှရှိ ကတ္တရာခင်းခြင်းလုပ်ငန်းအတွက် ကုန်ကျငွေကျပ် (၆.၄၂၇) သန်းကိုလည်းကောင်း၊ ဘေးလုံဘုန်းတော်ကြီးကျောင်း အနောက်ဘက်ရှိ လမ်း၊ လမ်းအရှည် ၄၂၅ ပေ၊ အကျယ် ၁၂ ပေ ၊ အမြင့် ၆ လက်မမှရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် ကုန်ကျငွေကျပ် (၁၀.၆၁၀) သန်းကိုလည်းကောင်း အသီးသီးကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းမှ လမ်းများကို စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ရေး၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ပေါ်တွင် ဘေးအန္တရာယ်မဖြစ်စေရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်ရေး၊ လမ်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး တို့ကို လုပ်ငန်းခွင်၌ တာဝန်ရှိသူများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ရဲတင့်
မြန်မာနေရှင်နယ်ပိုပစ်
No comments:
Post a Comment