MNP - ဩဂုတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီ တော် နယ်နိမိတ်နှင့် စပ်လျဉ်း၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောထံမှ ဩဝါဒမိန့်ကြားမှုကို ခံယူခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ထပ်လုံစေတီတော် နယ်နိမိတ် ကွင်းဆင်းရေးအဖွဲ့ အစည်းအဝေးနှင့် မြို့နယ်လယ်စီအစည်းအဝေးကိုလည်း ကောင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေးကိုလည်း ကောင်း တက်ရောက်ခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဝမ်းဘိုကျေးရွာအုပ်စု၊ နားဖန်းကျေးရွာအနီးရှိ အုတ်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်ထွေ/အုပ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်း မီးဖွားခြင်းအား သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ ထောက်ပံ့ ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment