မိုးနဲမြို့နယ်၌ အသိပညာ‌ပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးနဲမြို့နယ်၌ အသိပညာ‌ပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်



MNP - ဩဂုတ်   ၂၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်တွင် ဥယျာဉ်ရပ်ကွက် အခြေခံပညာမူလတန်း‌ကျောင်းသို့ ကွင်းဆင်းသွားရောက်၍ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်များခင်းကျင်း ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ပလပ်စတစ် သုံးစွဲမှု‌လျော့ချနိုင်ရေးနှင့်စပ်လျဉ်း၍ ပလပ်စတစ်ညစ်ညမ်းမှု၊ ပလပ်စတစ် ညစ်ညမ်းမှုဆိုးကျိုးများ၊ ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာ‌ပေး ဟောပြောခဲ့ပြီး မြို့နယ်စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာပေ လေ့လာဖတ်ရှုခြင်းအားဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို လည်းကောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်စန္ဒာအောင်က ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးနှင့် တစ်ကိုယ်ရေကျန်းမာစေရေးအတွက် လက်ဆေးခြင်းကြောင့် ရရှိလာမည့် ကောင်းကျိုးများကိုလည်းကောင်း ရှင်းလင်း‌ဟောပြောခဲ့ကြသည် ။


ထို့နောက် ခင်းကျင်းချိတ်ဆွဲပြသထားသော စာအုပ်စာစောင်များနှင့် ပလပ်စတစ် သုံးစွဲမှု လျော့ချရေး အသိပညာပေးနံရံကပ်စာစောင်ကို ကျောင်းသား/သူလေးများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)