ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေး ပြုလုပ်



MNP - ဩဂုတ်   ၂၇


ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ တော်ဝင်ဟံသာခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများတွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များများရရှိစေမည့် CMP လုပ်ငန်းများကို အဓိကထား ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဓါတ်မြေဩ ဇာထုတ်လုပ်သည့် စက်မှုလုပ်ငန်းများနှင့်ဆိုလာ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် ဆောင်ရွက်နိုင်သည့်အပြင် Wind Turbine Energy ထုတ်လုပ်မည် ဆိုပါကလည်း ဆောင်ရွက်နိုင်ကြောင်း၊ စက်မှုနယ်မြေများတွင် မြေကွက် လွတ်မရှိ ရင်းနှီးမြှုပ်နှံမှု စက်ရုံ/ အလုပ်ရုံများ ရင်းနှီးမြှုပ်နှံနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊မြေနေရာရယူထားပြီး လာရောက်လုပ်ကိုင်ခြင်း မရှိသူများအား နှိုးဆော်ဆောင်ရွက်သွားရန်နှင့် ပြည်တွင်း အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအတွက် လုပ်ငန်းများ ဆက်လက်ရပ်တည်ရှင်သန်နိုင်ရေး မိမိတို့အစိုးရအပိုင်းမှ လိုအပ်သောနည်းပညာနှင့် ချေးငွေရရှိရေး ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေး မှူး ဦးကိုကိုလတ်က Myanmar Husheg Yanshili အထည်ချုပ်စက်ရုံ တည်ဆောက်ရေး ကာလတိုးမြှင့်ခြင်း၊ Huishun(Myan) Industrial Co., Ltd ၏ စက်ရုံငှားရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းအတွက် တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်း၊ Brew Master Co., Ltd ၏ ဘီယာစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းအတွက်တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းနှင့် Wiawis Myamar Co., Ltd ၏ ကုန်ကြမ်းပစ္စည်းအသစ် ထပ်မံ တင်သွင်းခြင်းဆိုင်ရာများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ဝင်များက အကြံပြုဖြည့်စွက် တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေး တင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီးတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၂၃.၇၁၂) သန်းနှင့် မြန်မာကျပ်ငွေ (၉၅၂၉.၁၅) သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၇၄၅၈) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)