ကျောက်တလုံးကြီးမြို့ ကောင်ဝိန်းရပ်ကွက်တွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် ဈေးကွက်ဝင် လီလီပန်းများ စတင်စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တလုံးကြီးမြို့ ကောင်ဝိန်းရပ်ကွက်တွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် ဈေးကွက်ဝင် လီလီပန်းများ စတင်စိုက်ပျိုး




MNP -  ဩဂုတ်  ၁၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကောင်ဝိန်းရပ်ကွက်တွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် ဈေးကွက်ဝင် လီလီပန်းများကို စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


လီလီပန်းများစိုက်ပျိုးရာတွင် စိုက်ပျိုးမည့် မျိုးဥကိုသေချာ‌ရွေးချယ်ရန်လိုအပ်ကြောင်း၊ မျိုးဥများသည် ရောဂါကင်းရှင်းပြီး လတ်ဆတ်သောမျိုးဥဖြစ်ရမည်၊ စိုက်ဘောင်နှင့်စိုက်ကျင်းအနက်သည် မျိုးဥပေါ်မှုတည်၍ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ များသောအားဖြင့် စိုက်ဘောင်အနက်ကို ၆ လက်မနှင့် ပင်ကြား ၆ လက်မခြား၍ စိုက်ပျိုးကြကြောင်း၊ မျိုးမချမီ စိုက်ဘောင်ကျင်းတွင် နွားချေး၊ အာမိုနှင့်   ဒီစူပါမြေသြဇာများထည့်၍ ရေလောင်းကာ နှပ်ထားရန်လိုအပ်ကြောင်း၊ လီလီပန်းမျာသည် နေရောင်ခြည် ကြိုက်နှစ်သက်သော်လည်း အပူဒဏ်မခံနိုင်သောကြောင့် အမိုးများမိုးထားပေးရန် လိုအပ်ကြောင်း လီလီပန်းစိုက်တောင်သူ ဒေါ်နန်းစွဲထံမှ သိရသည်။


ကမ္ဘာပေါ်တွင် လီလီပန်းမျိုးကွဲပေါင်း(၁၀၀)ကျော်ရှိကြောင်း၊  အရောင်အားဖြင့် အဖြူ၊ အဝါ၊ ပန်းရောင်၊ အနီရောင်၊ ခရမ်းရောင်များရှိကြောင်း၊ ပန်းပွင့်များအစင်းကြောင်းများပါရှိကြောင်း၊ လီလီပန်းများသည် မျိုးဥချချိန်မှ ပန်းဖူးပွင့်သည်ထိ (၈)လခန့်ကြာမြင့်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးသောကြောင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် စတင်ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း ကောင်းဝိန်းရပ်ကွက်နေ လီလီပန်းစိုက်တောင်သူ ဒေါ်နန်းစွဲထံမှ သိရသည်။


သတင်း - စည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)