ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ အောင်မင်္ဂလာ ၂လမ်းတွင် WY စာတမ်းပါ မူးယစ်ဆေးဝါး ရောင်းချနေသူ (၅)အိမ်ထက်မနည်း ရှိနေပြီး ဝယ်ယူအသုံးပြုသူ အများစုမှာ လူငယ်အရွယ် အသက်(၁၅)နှစ်မှ (၃၅)နှစ် အတွင်းရှိ လူရွယ်များ ဖြစ်နေပါသည်။ နေ့စဉ် ဆိုင်ကယ်၊ ခြေလျှင်၊ စက်ဘီး ပုံစံအမျိုးမျိုးဖြင့် လာရောက်ဝယ်ယူ သုံးစွဲနေကြပါသည်။
ဆိုင်အများစုမှာ ကွမ်းယာဆိုင် အသွင်ဖြင့် ရောင်းချနေပြီး ဆေးဝါးရောင်းချမှုနှင့် ပတ်သက်၍ ရပ်သိ ရွာသိ နာမည်ထွက်နေသူများ ဖြစ်သော်လည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်အချို့မှ လျစ်လျှူရှုထးသောကြောင့် ပိုမိုအတင့်ရဲလားနေခြင်း ဖြစ်ပါသည်။
လူငယ်များ၏ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးနှင့် လူသားအရင်းအမြစ် မပျက်စီး မဆုံးရှုံးစေရေးအတွက် နိုင်ငံတော်အကြီးအကဲများ ဖြစ်ကြသည့် နစကဗဟိုကော်မတီ အစည်းအဝေးပွဲတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားလုံးပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီးဖြစ်ရာ နာမည်ကျော် မူးယစ်ဆေးဝါး ရောင်းချ၍ ကိုယ်ကျိုးရှာနေသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ပါသည်။ ကိုယ်ကျိုးစီးပွားတစ်ခုသာ ကြည့်ပြီး လူငယ်လူရွယ်များကို လမ်းမှားပေါ် ရောက်အောင် လုပ်ဆောင်နေ ဝိသမလောဘသားများကို မသိကျိုးကျွန်ပြုထားခြင်းက တိုင်းပြည်အနာဂတ်အတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးသားဖြစ်ပေါ်စေပါမည်။
ကျွန်တော်တို့ ရပ်ကွက်တွင် မူးယစ်ဆေးဝါးရောင်းချ၍ ကိုယ်ကျိုးရှာနေသူများကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ အမြန်ဆုံး ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
တာဝန်သိ ပြည်သူတစ်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment