ထန်းတပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်



MNP - သြဂုတ်   ၃၀


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပညာရေးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယနေ့နံနက်(၉)နာရီက ထန်းတပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဒေါ်မသန်းစိန်မှ အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော်စွာထွန်းက ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းနှင့်ပတ်သက်ပြီး အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆရာမဒေါ်အိအိဝင်းက


ကျောင်းကျန်းမာရေးစစ်ဆေးချိန်တွင် ကျောင်းသူ၊ ကျောင်းသားတစ်ဦးချင်းစီအတွက် စစ်ဆေးတွေ့ရှိချက်များကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်ရန်၊ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် ဆရာ၊ ဆရာမတို့က မိမိကျောင်းရှိ ကျောင်းသားကလေးများတွင် အဖြစ်များသောရောဂါ ကျန်းမာရေးပြဿနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ မိဘများသို့အသိပေးခြင်း၊ အချိန်မီလွှဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာနနှင့်ချိတ်ဆက်၍ လိုအပ်သည့် စောင့်ရှောက်မှုများရယူရန်၊ မိဘ၊ ဆရာနှင့်ကျောင်းသူ၊ ကျောင်းသားများက ကျန်းမာရေးကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းရပ်များကို မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် မြို့နယ်ပညာရေးဌာနမှ မူလတန်းအဆင့်သင်တန်းသား၊ သင်တန်းသူ(၁၀၉)ဦးတက်‌ရောက်ခဲ့ပြီး ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်း လမ်းညွှန်စာအုပ်များကို ဖြန့်ဝေပေးခဲ့ပြီး သင်တန်းကာလမှ (၁) ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)