ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ‌ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ‌ ဆောင်ရွက်

 


MNP - ဩဂုတ်   ၃၀


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီတွင် ကျွဲတဲရပ်ကွက်၊ အခြေခံပညာ အထက်တန်း‌ကျောင်း (ရွှေကျင်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က အဖွင့်စကားပြောကြားပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရွှေကျင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ဝင်းက သဘာဝဘေးအန္တရာယ်နှင့် ပက်သတ်၍ ကြုံတွေ့မှုဖြစ်ပေါ်လာပါက ရှောင်ရန်၊ဆောင်ရန်အချက်များနှင့် ပြည်သူများအား ကူညီဆောင်ရွက်ပေးမှုများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ညီညီလွင်က မီးဘေးအန္တရာယ်အကြောင်းနှင့် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူများအား ကူညီဆောင်ရွက်ပေးမှုများ၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ် ပြုံးပြုံးရီက ကလေးသူငယ်အခွင့်အရေးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်းများနှင့် လူကုန်ကူးခံရပါက ခံစားရသည့် ဒုက္ခများ၊ အသီးသီး ဟောပြောဆွေးနွေးကြသည်။


ဆက်လက်ပြီး ရွှေကျင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ဝင်းက အထက ရွှေကျင်ကျောင်း လက်သန့်ဆေးရည်ဘူးများ၊ သဘာဝဘေးနှင့် ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်အချက်များပါဝင်သည့် ဗီနှိုင်းပိုစတာများကို ကျောင်းဆရာမတစ်ဦးသို့ ပေးအပ်ခဲ့သည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)