MNP - သြဂုတ် ၂၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်းကျောင်း၌ လူငယ်ရေးရာဝန်ကြီးဌာန၊မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့၊ ညနေပိုင်းက အဆိုပါ စက်မှုလက်မှုသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်းကျောင်းအုပ်(တာဝန်ခံ)ဒုတိယကျောင်းအုပ် ဦးအောင်သန်းက အဖွင့်အမှာစကားများ ပြောကြားပေးပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဌေးက လူငယ်များအနေဖြင့် စက်မှုလက်မှုအတတ်ပညာနှင့်အားကစားကဏ္ဍကို လေ့လာလိုက်စားကြရေး၊ ကျောင်းသားလူငယ်များကျန်းမာကြံ့ခိုင်ပြီး၊ ဉာဏ်ပညာထက်မြက်စေရေး အတွက် အားကစားနည်းများကို အားလပ်ချိန်များတွင် အကျိုးရှိရှိ အသုံးချကြစေရေးနှင့် အားကစားကဏ္ဍဆိုင်ရာ အသိပညာဗဟုသုတတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှု လူငယ်သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသားလူငယ်(၅၀)ဦး တက်ရောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီး/ပြည်နယ်လက်ရွေးစင် တိုက်ကွမ်ဒို အားကစားမားတစ်ဦးမှ အားကစားနည်း စနစ်များအား သရုပ်ပြသခြင်းနှင့် ဘောလုံးကစားသမားတစ်ဦးမှ အကြောလျှော့နည်းတို့ကို လေ့ကျင့်သရုပ်ပြသပေးကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဌေးမှ စက်မှုလက်မှု လူငယ်သင်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - နီထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment