ဂွမြို့တွင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်




MNP ၊ ဩဂုတ် ၂၈

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ကောင်းမွန်စေရေးနှင့် လိုင်စင်မဲ့ယာဉ်များစီးနင်းသွားလာမှုမရှိစေရေး အသိပညာပေးခြင်းနှင့်စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ခြင်းများကို  ယနေ့၊ နံနက်ပိုင်းနှင့်ညနေပိုင်းများတွင် မြို့တွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် မီးပွိုင့်လမ်းဆုံတွင် စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့်ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများဆောင် ရွက်ရာတွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ပြည်သူများယာဉ်အန္တရာယ်ကင်းဝေစေရေး အသိပညာပေးလုပ်ငန်းများကို စက်တင်ဘာလ(၇)ရက်နေ့ထိ နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)