တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၂၆၇၄)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၂၆၇၄)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်




MNP ၊ ဩဂုတ် ၂၈

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ သူများအား ပညာ သင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းအချိန်မှ စတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တာမွေမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် နားမကြားသောကလေးများကျောင်း(ရန်ကုန်)တို့တွင် တက်ရောက်ပညာသင်ကြား လျက်ရှိသော အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


“ကျွန်တော်တို့အနေနဲ့ ကျောင်းသား/သူတွေရဲ့ မိဘအုပ်ထိန်းသူတွေ ဒီကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့နဲ့ မိဘအုပ်ထိန်းသူတွေကိုယ်တိုင် ပူးပေါင်းပါဝင်လာဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အသိပညာပေး မြေစိုက်ပိုစတာတွေနဲ့ နံရံကပ်ပိုစတာတွေကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊  လူအသွားအလာများသည့် နေရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ကပ်ထားကြေညာသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလာရောက် ထိုးနှံကြမည့် ကျောင်းသား/သူတွေ သွားလာရေး အဆင်ပြေစေဖို့အတွက်ကိုလည်း သတ်မှတ်နေ့ရက်များအလိုက် ဆေးထိုးစုရပ် နေရာများခွဲ၍ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဆေးထိုးစုရပ်သို့ လာရောက်ကြမည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး  အဆင်ပြေချောမွေ့စွာ လာရောက်ထိုးနှံနိုင်စေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု တာမွေမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက ဆိုသည်။


ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာ အလယ်တန်း၊ အထက် တန်းအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုနှံပေးရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် နားမကြားသောကလေးများကျောင်း(ရန်ကုန်)တို့မှ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၉၀၈)ဦးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ သူ (၂၆၇၄)ဦးကို သတ်မှတ်နေ့ရက်များအလိုက် ဆေးထိုးစုရပ်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)