MNP - ဩဂုတ် ၂၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ လေထုညစ်ညမ်းမှုတိုင်းတာနိုင်ရန် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက ယနေ့နံနက် ၁၀ နာရီက အမှတ် (၃) ရပ်ကွက်တွင် နေရာရွေးချယ်သတ်မှတ်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးချမ်းမြေ့စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်သစ်တော ဦးစီးမှူးဦးစိုးဝင်းအေး၊ ခရိုင် စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူးတို့က ကျိုင်းလပ်မြို့ အမှတ် (၃) ရပ်ကွက်တွင် လေထု ညစ်ညမ်းမှုတိုင်းတာနိုင်ရန် နေရာရွေးချယ်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မဲခေါင် မြစ်ကမ်းနံဘေးနှင့် မြန်မာ-လာအို ချစ်ကြည်ရေးတံတားအား ဆက်လက်လေ့လာ ကြည့်ရှုစစ်ဆေးကာ BCF နယ်စပ်ကုန်သွယ်မှုစစ်ဆေးရေးစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များမှာကြား၍ ကျာခမ်းကျောက်ကျေးရွာအုပ်စု၊ နမ့်ငေါ့ကျေးရွာ ထေရဝါဒဗုဒ္ဓဘာသာ တောင်တန်းသာသနာပြုကျောင်းတွင် ဝါတွင်းကာလ သီတင်း သုံးတော်မူလျှက်ရှိသည့် ကျောင်းထိုင်ဆရာတော်အား ဆန်၊ ဆီ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
သတင်း - ကျော်ဇေယျာလင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment