MNP - သြဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် လှိုင်ထိပ်ခေါင်တင်လမ်းထောင့်ရှိ ကုန်ပဒေသာဈေးတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူများလက်ဝယ်အရောက် စားသုံးဆီများဈေးနှုန်း သက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် စားသုံးဆီများကို မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၏ ကြီးကြပ်မှုဖြင့် Agri One Co,Ltd မှ Mobile Market ဈေးကားဖြင့် လာရောက်ရောင်းချပေးခြင်းဖြစ်ပြီး ပြည်သူများ ဈဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင် ရေးအတွက် ပြင်ပပေါက်ဈေးများထက် ပိုမိုသက်သာသော သန့်ရှင်းလတ်ဆတ်သော စားသုံးဆီများအား တစ်ပိဿာလျင် ၅၀၀၀/- ကျပ်နှုန်း တစ်ဦးလျင် တစ်ပိဿာ နှုန်းဖြင့် ပိဿာ ၁၀၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လာရောက်ကြီးကြပ်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment