မြဝတီမြို့၌ လူငယ်ရေးရာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ လူငယ်ရေးရာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ



MNP - သြဂုတ်   ၂၈


ကျောင်းသားလူငယ်များအနေဖြင့် စိတ်ဓါတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားစေရေး ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်အဖြစ် လူငယ်ရေးရာနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာအသိပညာ ပေးဟောပြောပွဲကို ယမန်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးအုန်းမြင့်က မိတ်ဆက်အမှာစကားပြောကြားပြီး  မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်နှင့်အလေ့အထဆိုးများ၊ လူငယ်နှင့်အလေ့ထကောင်းများ၊ အပြည်ပြည်ဆိုင် ရာလူငယ်များနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ လှုပ်ရှားမှုဆိုင်ရာများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများအား အသိပညာပေး ဟောပြော သည်။


ထို့နောက် မြဝတီခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဇော်အောင်က တောမီးလောင်ခြင်း၊ အရာဝတ္ထုမျိုးစုံမှ မီးလောင်ခြင်းကြောင့် ထွက်ပေါ်လာသော မီးခိုးမြူငွေ့လျှော့ချရေးနှင့် လျော့နည်းပပျောက်ရေးဆိုင်ရာများအား အသိပညာပေးဟောပြောသည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများမေးမြန်းပြီး ဖြေဆိုနိုင်သူများအား အမှတ်တရ လက်ဆောင်များ ဆုချီးမြှင့်ပေးသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် နံရံကပ်ပြဘုတ်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


သတင်း - ထိန်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)