MNP - သြဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းငါးသားပေါက်စခန်း ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရရံပုံငွေဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခြင်းကို သြဂုတ် ၂၆ ရက်နေ့ နံနက်ပိုင်းက ဟုမ္မလင်းမြို့နယ်အောင်သာငြိမ်း ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့သို့ နယ်မြေကွင်းဆင်းစစ်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးနိုင်နိုင်ကျော်၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါက်တာစုမျိုးသွယ်၊ ဒု-တိုင်းဦးစီးဌာနမှူး၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ရွှေဘိုနှင့် စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးများ၊ ရွှေဘိုငါး လုပ်ငန်းစခန်းမှူးနှင့် ဟုမ္မလင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးတို့တက်ရောက်၍ GAqP ကျင့်စဉ်နှင့် ညီညွတ်စေရန် လိုအပ်သောနည်းပညာများကို တည်ဆောက်ရေး ကန်ထရိုက် တာနှင့် ညှိနှိုင်း ပေါင်းစပ်ပြီး Layout Plan များရေးဆွဲ၍ ကိုက်ညီစေရန် ကြပ်မတ်ဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်ကာလ အချိန်မှီပြီးစီးရေးအတွက် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်း - လင်းလင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment