တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးထားဝယ်မြို့ရှိ ဘုန်းတော်ကြီးသင်စာသင်တိုက်ကျောင်း နှင့် ပရဟိတဂေဟာကျောင်းများသို့ကြည့်ရှု့၍လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးထားဝယ်မြို့ရှိ ဘုန်းတော်ကြီးသင်စာသင်တိုက်ကျောင်း နှင့် ပရဟိတဂေဟာကျောင်းများသို့ကြည့်ရှု့၍လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေး







MNP ၊ သြဂုတ် ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးသည်သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိဘုန်းတော်ကြီးသင်စာသင်ကျောင်းနှင့် ပရဟိတဂေဟာကျောင်းများသို့ကြည့်ရှု့၍ ကျောင်း၏ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ရှေးဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က  ဘုန်းတော်ကြီးသင်စာသင်တိုက်ပခုက္ကူကျောင်း၊    လေးထပ်ကျောင်း၊ ဇေယျာဘုမ္မိပရဟိတဂေဟကျောင်းနှင့် တိုင်းရင်းသားမိဘမဲ့များဘက်စုံပညာဖွံ့ဖြိုးရေးအမျိုးသမီး ပညာသင်ကျောင်းရှိစာသင်ကြားနေသောစာသင်သားများအားလှည့်လည်ကြည်ရှု့အားပေးပြီးစာသင်သားများ၏လိုအပ်ချက်များ ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စရပ်များနှင့်ကျောင်း၏ဝေယျာဝစ္စကိစ္စရပ်များကိုမေးမြန်းကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က တိုင်းဒေသကြီးပညာရေးမှူးရုံး၌ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံပြီး ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအနေဖြင့် သင်ကြားရေးတွင် ဆရာ၊ ဆရာမ မလုံလောက်မှု၊ သင်ထောက်ကူပစ္စည်း လိုအပ်မှု၊စသည့်အခက်အခဲများရှိနေသည်ကိုသိရှိရကြောင်း၊ ယခုတွေ့ဆုံပွဲသို့ ကြွရောက်လာသော ဆရာတော်၊ သံဃာတော် များနှင့် ကျောင်းတာဝန်ခံများက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏အခြေအနေကို တင်ပြဆွေးနွေး ပေးစေလို ကြောင်း ပြောကြားပါသည်။


ဆက်လက်၍တိုင်းဒေသကြီးပညာရေးမှူးဦးဝင်းနောင် က ဘုန်းတော်ကြီးသင်ပညာကျောင်း များတွင် ပညာသင်ကြား နေသည့် စာသင်သားများသည် ဆင်းရဲချို့တဲ့သူများလည်းရှိကြောင်း၊ ယခုလိုကျောင်းဖွင့်လှစ်ပြီး သင်ကြားပေးနေသည့် ဆရာတော်သံဃာတော်များနှင့် သီလရှင်များ၊လူပုဂ္ဂိုလ်များကိုလည်းကျေးဇူးတင်ပါကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအနေဖြင့်အခက်အခဲများကြားကအောင်မြင်အောင်ဆောင်ရွက်ပေးနေသည်ကိုတွေ့ရပါကြောင်းရှင်းလင်းဆွေးနွေးပြောကြားပြီးတိုင်းဒေသကြီးသာသနာရေးမှူးဦးဇော်ဝင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် သက်ဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်းဆွေးနွေး ပြောကြား သည်။


ထို့နောက် တက်ရောက်လာကြသူများက ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေးစစ်ဆေးပေးရန်၊ သင်ထောက်ကူပစ္စည်း များပံ့ပိုးပေးရန်နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ပေးနိုင်ရန်၊ကျောင်းသား၊ကျောင်းသူများစားဝတ်နေရေးအတွက် ပံ့ပိုးကူညီပေး ရန် စသည့်တို့ကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)