နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း




MNP ၊ ဩဂုတ် ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ဌာနတာဝန်ခံများ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ နယ်ရုံးခွဲ တာဝန်ခံများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့(၆)လပတ်ကာလ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြောကြားပြီး ပြီးခဲ့သည့် (၆)လပတ်ကာလအတွင်း ဝန်ကြီးဌာန၏ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် အကျိုးအပြစ်တို့ကို လေ့လာသုံးသပ်ကြပြီး နောင်လာမည့်ကာလများတွင် ယခုထက်ပိုမိုတိုးတက်ကောင်းမွန် လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားသည့်အတွက် ဝန်ကြီးဌာနက လူ့စွမ်းအားအရင်းအမြစ်နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်နေသောကိစ္စရပ်များကို စဉ်ဆက်မပြတ် ကြိုးစားအကောင်အထည်ဖော်ကြရမည်ဖြစ်ပါကြောင်း၊ ယခုပြီးခဲ့သည့် (၆)လပတ်ကာလ အတွင်း ဆောင်ရွက်ချက်များအပေါ် နှိုင်းယှဉ်စဉ်းစားသုံးသပ်ကြပြီး နောင်လာမည့်ကာလများအတွက် ပိုမိုကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက်  ဒုတိယအမြဲတမ်းအတွင်းဝန်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်မှ ဇူလိုင်(၃၁)ရက်အထိ (၆)လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး လမ်းညွှန် မှာကြားချက်များအပေါ် ဝန်ကြီးဌာနမှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများနှင့် ဌာနတာဝန်ခံများက (၆)လပတ် ကာလအတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)