MNP - ဩဂုတ် ၂၈
နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ္များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့က မွန်ပြည်နယ်၊ ကမာဝက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း တို့၌ ကျင်ပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နီစံက “အားကစားနှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့် လူငယ်များ ကျောင်းပညာရေး အပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားစေရေး၊ အားလပ်ချိန်များတွင် ကျန်း မာကြံ့ခိုင် ပြီး ဉာဏ်ရည်ထက်မြက်ရေးအတွက် အချိန်ကိုအကျိုးရှိရှိ အသုံးချတက်စေရေးနှင့် အားကစားကဏ္ဍဆိုင်ရာ သိကောင်းစရာများ၊ အားကစားပညာရပ်များဖြစ်သည့် ဘောလုံး ၊ ဘော်လီဘော၊ ခြင်းလုံး၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက် အားကစားနည်းစနစ်များအကြောင်း၊ အားကစားပြုလုပ်ရာတွင် ရရှိလာနိုင်သည့် အကျိုး ကျေးဇူးများ၊ အားကစားနှင့် ကျန်းမာရေးအကြောင်းအရာများကို အသိပညာပေး ပြောကြားခဲ့ပြီး နည်းပြများမှ Physical Fitness Dance၊ မြန်မာ့သိုင်း၊ တိုမ်ကွမ်ဒိုအားကစား နည်းများကို သရုပ်ပြသခဲ့သည်။
ထို့နောက် ကျောင်းသား/သူများ ကျန်းမာကြံခိုင် သန်စွမ်းစေရန်အတွက် အားကစား ပစ္စည်းများထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးများမှ လက်ခံယူခဲ့ပြီး အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား/သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - သားငယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment